၂ ရာ 5:21Common Language Bibleဖိလိတ္တိအမျိုးသားတို့သည်မိမိတို့ကိုး ကွယ်သောရုပ်တုများကိုထိုအရပ်တွင်စွန့် ပစ်ခဲ့ကြသဖြင့် ယင်းတို့ကိုဒါဝိဒ်၏လူ တို့ကသိမ်းယူကြလေသည်။ အခန်းကိုကြည့်ပါ။ |
ငါသည်အီဂျစ်ဘုရားဝတ်ကျောင်းများကို မီးရှို့မည်။ ဗာဗုလုန်ဘုရင်အားထိုဝတ်ကျောင်း များမှဘုရားတို့ကိုမီးရှို့စေမည်။ သို့မဟုတ် လျှင်လည်းသိမ်းယူသွားစေမည်။ သိုးထိန်းသည် မိမိ၏အဝတ်မှသန်းများကိုကုန်စင်အောင် ရှာသကဲ့သို့ ဗာဗုလုန်ဘုရင်သည်ဤပြည် မှပစ္စည်းဥစ္စာများကိုအကုန်အစင်ရှာ၍ ယူပြီးလျှင်အောင်မြင်စွာထွက်ခွာသွား လိမ့်မည်။-
သူတို့၏ရုပ်တုများကိုမီးရှို့ပစ်လော့။ ထိုရုပ်တု များတွင်မွမ်းမံထားသောရွှေငွေကိုတပ်မက်၍ သင်တို့အဖို့မယူကြနှင့်။ ထာဝရဘုရားသည် ရုပ်တုကိုးကွယ်ခြင်းကိုရွံရှာမုန်းတီးတော်မူ သဖြင့် ရုပ်တုများမှရွှေငွေကိုယူမိလျှင်သင် တို့အတွက်ကျော့ကွင်းသဖွယ်ဖြစ်လိမ့်မည်။-