၂ ရာ 5:2Common Language Bibleအတိတ်ကာလ၌ရှောလုဘုရင်ဖြစ်စဉ်အခါ ကအရှင်သည် ဣသရေလအမျိုးသားအပေါင်း တို့အားဦးစီးခေါင်းဆောင်ပြု၍စစ်ပွဲဝင်ခဲ့ ပါ၏။ ထာဝရဘုရားကလည်း`သင်သည်ငါ ၏လူမျိုးတော်ကိုခေါင်းဆောင်ရမည်။ သူတို့၏ ဘုရင်ဖြစ်ရမည်' ဟုအရှင့်အားမိန့်တော်မူ ခဲ့ပါ၏'' ဟုလျှောက်ကြ၏။- အခန်းကိုကြည့်ပါ။ |
ဒါဝိဒ်က``ငါ့အားသင့်ခမည်းတော်နှင့်သား မြေးတို့ကိုကျော်၍ ဣသရေလအမျိုးသား တို့၏ခေါင်းဆောင်အဖြစ်ခန့်အပ်ရွေးချယ် တော်မူသောထာဝရဘုရား၏ဂုဏ်တော်ကို ချီးကူးရန်ငါသည်ကခုန်နေခဲ့ခြင်းဖြစ်၏။ ထာဝရဘုရား၏ဂုဏ်တော်ကိုချီးကူး ရန်နောင်ကိုလည်းဆက်လက်ကခုန်လျက်၊-
``ငါထာဝရဘုရား၏လူမျိုးတော်ကို အစိုး ရသူဟေဇကိမင်းထံသို့ပြန်သွား၍`သင်၏ ဘိုးတော်ဒါဝိဒ်၏ဘုရားသခင်၊ ငါထာဝရ ဘုရားသည် သင်၏ပတ္ထနာကိုကြားတော်မူ၍ သင်၏မျက်ရည်ကိုမြင်တော်မူပြီ။ ငါသည် သင်၏အနာရောဂါကိုပျောက်ကင်းစေမည် ဖြစ်၍ သင်သည်သုံးရက်ကြာသော်ဗိမာန် တော်သို့သွားနိုင်လိမ့်မည်။-
အတိတ်ကာလကရှောလုမင်းဘုရင်ဖြစ်စဉ် အခါ၌ပင်လျှင် အရှင်သည်ဣသရေလပြည် သားတို့အားရှေ့ဆောင်၍တိုက်ပွဲဝင်ခဲ့ပါ၏။ အရှင်၏ဘုရားသခင်ထာဝရဘုရားက လည်း အရှင်သည်ကိုယ်တော့်လူမျိုးတော်၏ ခေါင်းဆောင်၊ သူတို့၏ဘုရင်ဖြစ်လိမ့်မည်ဟု ဗျာဒိတ်ပေးတော်မူခဲ့ပါ၏'' ဟုလျှောက်ထား ကြ၏။-
ထိုဘုရင်ကြွလာသောအခါသူသည် ထာဝရ ဘုရားထံတော်မှရသောအစွမ်းသတ္တိနှင့် လည်းကောင်း၊ သူ၏ဘုရားသခင်ထာဝရ ဘုရား၏ဘုန်းတန်ခိုးတော်နှင့်လည်းကောင်း မိမိ၏လူစုကိုအုပ်စိုးလိမ့်မည်။ ကမ္ဘာတစ် ဝှမ်းလုံးတွင်ရှိသောလူအပေါင်းတို့သည် သူ ၏ကြီးမြတ်တော်မူခြင်းကိုဝန်ခံကြ သဖြင့် သူ၏လူမျိုးတော်သည်လုံခြုံစွာ နေထိုင်ရကြလိမ့်မည်။-
ခပ်သိမ်းသောအရာတို့ကိုဖန်ဆင်းပြုပြင် ထိန်းသိမ်းစောင့်ရှောက်တော်မူသောဘုရား သခင်သည် မိမိ၏သားအမြောက်အမြား တို့အားဘုန်းအသရေတော်ဝင်စားခွင့်ပေး တော်မူနိုင်ရန် ဆင်းရဲဒုက္ခကိုခံစေခြင်းအား ဖြင့် သခင်ယေရှုအားပြည့်ဝစုံလင်စေတော် မူ၏။ ဤသို့ဘုရားသခင်ပြုတော်မူသည်မှာ လျော်ကန်သင့်မြတ်လှပေသည်။ အဘယ် ကြောင့်ဆိုသော်ကယ်တင်ခြင်းရရှိကြစေ ရန် ထိုသူတို့အားပို့ဆောင်သူမှာသခင် ယေရှုပင်ဖြစ်သောကြောင့်တည်း။
ထာဝရဘုရားသည်ရှမွေလအား``သင်သည် အဘယ်မျှကြာအောင်ရှောလုအတွက်ဝမ်းနည်း နေပါမည်နည်း။ ငါသည်သူ့အားဣသရေလ ဘုရင်အဖြစ်မှပယ်တော်မူပြီ။ သံလွင်ဆီယူ ၍ဗက်လင်မြို့ရှိယေရှဲနာမည်တွင်သူလူတစ် ယောက်ထံသို့သွားလော့။ ငါသည်သူ၏သား တစ်ယောက်အားဘုရင်အဖြစ်ရွေးချယ်၏'' ဟုမိန့်တော်မူ၏။
``နက်ဖြန်ဤအချိန်လောက်၌ဗင်္ယာမိန်အနွယ် ဝင်လူတစ်ယောက်ကို သင့်ထံသို့ငါစေလွှတ် လိုက်မည်။ သူ့အားဣသရေလအမျိုးသား တို့၏ဘုရင်အဖြစ်ဘိသိက်ပေးလော့။ သူသည် ငါ၏လူမျိုးတော်ကိုဖိလိတ္တိအမျိုးသား တို့၏ဘေးမှကာကွယ်စောင့်ရှောက်လိမ့်မည်။ ငါသည်မိမိလူမျိုးတော်၏ဆင်းရဲဒုက္ခကို မြင်ရပြီ။ သူတို့ဟစ်အော်၍အကူအညီ တောင်းခံသံများကိုလည်းကြားရပြီ'' ဟု မိန့်တော်မူ၏။