Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ 5:18

Common Language Bible

ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ရေ​ဖိမ်​ချိုင့်​ဝှမ်း ကို​သိမ်း​ပိုက်​လိုက်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

တစ်​ဆယ့်​လေး​နှစ်​သို့​ရောက်​လျှင်​ခေ​ဒေါ​ရ​လော​မာ ဘု​ရင်​သည် မ​ဟာ​မိတ်​တပ်​ဖွဲ့​တို့​နှင့်​အ​တူ​စစ်​ချီ လာ​၍ အာ​ရှ​တ​ရုတ်​ကာ​နိမ်​မြို့​တွင်​ရေ​ဖိမ်​အ​မျိုး သား​များ​ကို​လည်း​ကောင်း၊ ဟာ​မ​မြို့​တွင်​ဇူ​ဇိမ် အ​မျိုး​သား​များ​ကို​လည်း​ကောင်း၊ ကိ​ရ​ယ​သိမ် လွင်​ပြင်​တွင်​ဧ​မိမ်​အ​မျိုး​သား​များ​ကို​လည်း ကောင်း၊-

ကောက်​ရိတ်​ချိန်​နီး​သော​အ​ခါ​ရဲ​ဘော်​သုံး ကျိပ်​ဝင်​သူ​ရဲ​ကောင်း​သုံး​ယောက်​တို့​သည် ဒါ​ဝိဒ်​ရှိ​ရာ​အ​ဒု​လံ​ဥ​မင်​သို့​ဆင်း​သွား ကြ​၏။ ထို​အ​ချိန်​၌​ဖိ​လိတ္တိ​အ​မျိုး​သား တစ်​စု​သည်​ရေ​ဖိမ်​ချိုင့်​ဝှမ်း​၌​တပ်​စ​ခန်း ချ​လျက်​ရှိ​နေ​ကြ​၏။-

ထို​နောက်​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ရေ​ဖိမ် ချိုင့်​ဝှမ်း​သို့​ပြန်​လာ​ပြီး​လျှင်​ထို​အ​ရပ်​ကို သိမ်း​ပိုက်​ကြ​ပြန်​၏။-

တစ်​နေ့​သ​၌ဖိ​လိတ္တိ​အ​မျိုး​သား​တစ်​စု သည်​ရေဖိမ်​ချိုင့်​ဝှမ်း​တွင်​တပ်​စ​ခန်း​ချ​လျက် ရှိ​နေ​စဉ် ရှေ့​တန်း​ခေါင်း​ဆောင်​များ​ဖြစ်​သော ရဲ​ဘော်​သုံး​ကျိပ်​မှ​ရဲဘော်​သုံး​ဦး​တို့သည် အ​ဒု​လံ​လှိုဏ်​ဂူ​အ​နီး​ဒါ​ဝိဒ်​မင်း​ရှိ​ရာ ကျောက်​ဆောင်​သို့​သွား​ရောက်ကြ​၏။-

ဣ​သ​ရေ​လ​ပြည်​သည်​အ​သီး​အ​နှံ​များ​ရိတ် သိမ်း​ထား​သည့်​လယ်​ကွက်​ကဲ့​သို့​လည်း​ကောင်း၊ အ​ကုန်​အ​စင်​ကောက်​သင်း​ကောက်​ထား​သည့် ရေ​ဖိမ်​ချိုင့်​ဝှမ်း​မှ လယ်​ယာ​ကဲ့​သို့​လည်း ကောင်း​ပြုတ်​ပြုတ်​ပြုန်း​၍​နေ​ပေ​လိမ့်​မည်။-

ယေ​ဗု​သိ​အ​မျိုး​သား​တို့​၏​မြို့​ဖြစ်​သော ယေ​ရု​ရှ​လင်​မြို့​တည်​ရာ တောင်​ကုန်း​တောင် ဘက်​ရှိ​ဟိန္နုန်​ချိုင့်​ဝှမ်း​အ​နောက်​ဘက်​တောင် ကုန်း​ကို​ကျော်​ဖြတ်​သွား​၏။-

ယော​ရှု​က``သင်​တို့​တွင်​လူ​ဦး​ရေ​တိုး​ပွား များ​ပြား​သ​ဖြင့် ဧ​ဖ​ရိမ်​အ​တွက်​ပေး​သော တောင်​ကုန်း​ဒေ​သ​သည်​ကျဉ်း​မြောင်း​လျှင် ဖေ​ရ​ဇိ​နှင့်​ရေ​ဖိမ်​အ​မျိုး​သား​များ​နေ ထိုင်​ရာ​အ​ရပ်​ရှိ​တော​များ​ကို​ခုတ်​ထွင်​၍ နေ​ထိုင်​ကြ​လော့'' ဟု​ပြန်​ဖြေ​၏။

ထို​နောက်​ရေ​ဖိမ်​ချိုင့်​ဝှမ်း​မြောက်​ဘက်​ရှိ​ဟိန္နုံ ချိုင့်​ဝှမ်း​အ​နီး​တောင်​ခြေ​သို့​ရောက်​သည်။ တစ် ဖန်​ယေ​ဗု​သိ​တောင်​တန်း​တောင်​ဘက်​ရှိ​ဟိန္နုံ ချိုင့်​ဝှမ်း​ကို​ဖြတ်​၍​တောင်​ဘက်​အင်္ရော ဂေ​လ​ရွာ​သို့​ရောက်​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ