ဒါဝိဒ်က``ငါ့အားဘေးအန္တရာယ်အပေါင်းမှ ကယ်တော်မူသောအသက်ရှင်တော်မူသော ထာဝရဘုရားကိုတိုင်တည်၍ငါကျိန်ဆို ပါ၏။-
ဣရှဗောရှက်တွင်လုယက်တိုက်ခိုက်သည့်အဖွဲ့ များ၏ခေါင်းဆောင်နှစ်ယောက်ရှိ၏။ သူတို့၏ နာမည်မှာဗာနာနှင့်ရေခပ်ဖြစ်၍ဗေရုတ်မြို့ မှဗင်္ယာမိန်အနွယ်ဝင်ရိမ္မုန်၏သားများဖြစ် ကြ၏။ (ဗေရုတ်မြို့သည်ဗင်္ယာမိန်နယ်တွင် အပါအဝင်ဖြစ်၏။-
ထိုအခါမင်းကြီးက``ဒုက္ခဆင်းရဲအပေါင်း မှငါ့အားကယ်ဆယ်တော်မူ၍ အသက်ရှင် တော်မူသောထာဝရဘုရားကိုတိုင်တည် ကာသင့်အားငါကျိန်ဆိုပါ၏။-
ကိုယ်တော်သည်ငါ့အားသေဘေးမှကယ်တော်မူ၍ မေတ္တာတော်နှင့်ကရုဏာတော်တို့ဖြင့် ရစ်ပတ်တော်မူ၏။
ကိုယ်တော်သည်သူတို့ကိုမုန်းသောသူတို့၏လက်မှ ကယ်တော်မူ၏။ သူတို့၏ရန်သူများလက်မှကယ်ဆယ်တော်မူ၏။
ရန်သူတို့လက်မှကယ်ဆယ်တော်မူ၍ အရှေ့အနောက်တောင်မြောက်ရှိတိုင်းတစ်ပါးမှ ပြန်ခေါ်ဆောင်တော်မူခြင်းကို ခံရသောသူတို့သည်ချီးမွမ်းကြစေ။
သူတော်ကောင်းတို့သည်ကိုယ်တော်အား ခေါ်ကြသောအခါ ကိုယ်တော်သည်ထူးတော်မူ၍ဆင်းရဲဒုက္ခ အပေါင်းမှ ကယ်ဆယ်တော်မူ၏။
ထာဝရဘုရားသည်မိမိ၏လူစုတော်အား ကယ်တော်မူလိမ့်မည်။ ကိုယ်တော်ထံတော်သို့ခိုလှုံရန်ချဉ်းကပ်သူတို့သည် အပြစ်ဒဏ်နှင့်ကင်းလွတ်ကြလိမ့်မည်။
ကြွလာတော်မူ၍ကျွန်တော်မျိုးကိုကယ်တော် မူပါ။ ရန်သူများ၏လက်မှကယ်ဆယ်တော်မူပါ။
ကိုယ်တော်ရှင်အတွက်စောင်းကိုတီးစဉ် ကျွန်တော်မျိုးသည်ဝမ်းမြောက်စွာ သီချင်းဆိုပါမည်။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ကယ်တော်မူသည်ဖြစ်၍ ကျွန်တော်မျိုးသည်စိတ်ရောကိုယ်ပါ သီချင်းဆိုပါမည်။
ယနေ့အရှင်၏အသက်ကိုအကျွန်ုပ်ချမ်းသာ ပေးခဲ့သည့်နည်းတူ ထာဝရဘုရားသည် အကျွန်ုပ်၏အသက်ကိုချမ်းသာပေး၍ ဆင်းရဲ ဒုက္ခအပေါင်းမှကယ်ဆယ်တော်မူပါစေ သော'' ဟူ၍ဖြစ်၏။