၂ ရာ 3:8Common Language Bibleယင်းသို့ပြစ်တင်စွပ်စွဲသည်ကိုအာဗနာသည် လွန်စွာစိတ်ဆိုးသဖြင့်``ငါသည်ရှောလုအား သစ္စာဖောက်မည်ဟုထင်မှတ်ပါသလော။ ငါသည် ယုဒပြည်၏အကျိုးအတွက်ဆောင်ရွက်နေသူ ဟုမှတ်ယူပါသလော။ အစမူလကပင်ငါ သည်သင်၏ခမည်းတော်ရှောလု၏အပေါ်၌ လည်းကောင်း၊ သူ၏ညီအစ်ကိုများ၊ မိတ်ဆွေ များအပေါ်၌လည်းကောင်းသစ္စာစောင့်ခဲ့၏။ သင့်အားလည်းဒါဝိဒ်လက်တွင်းသို့မကျ ရောက်စေရန်ဆီးတားခဲ့၏။ သို့ပါလျက် ယနေ့သင်သည်ငါ့အားမိန်းမမှုနှင့်ပြစ် တင်စွပ်စွဲပါသည်တကား။- အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည်ရှောလုနှင့်သူ၏သား မြေးများထံမှနိုင်ငံတော်ကိုရုပ်သိမ်း၍ ဒါဝိဒ်အားနိုင်ငံတစ်စွန်းမှတစ်စွန်းတိုင်အောင် ဣသရေလပြည်နှင့်ယုဒပြည်တို့၏ဘုရင် အဖြစ်ခန့်ထားတော်မူမည်ဟုကတိပြုတော် မူခဲ့၏။ ယခုငါသည်ထိုကတိတော်အကောင် အထည်ပေါ်စေရန်မဆောင်ရွက်ပါမူ ဘုရားသခင်သည်ငါ့အားအပြစ်ဒဏ်ခတ်တော်မူ ပါစေသော'' ဟုဆို၏။-
အတိတ်ကာလ၌ရှောလုဘုရင်ဖြစ်စဉ်အခါ ကအရှင်သည် ဣသရေလအမျိုးသားအပေါင်း တို့အားဦးစီးခေါင်းဆောင်ပြု၍စစ်ပွဲဝင်ခဲ့ ပါ၏။ ထာဝရဘုရားကလည်း`သင်သည်ငါ ၏လူမျိုးတော်ကိုခေါင်းဆောင်ရမည်။ သူတို့၏ ဘုရင်ဖြစ်ရမည်' ဟုအရှင့်အားမိန့်တော်မူ ခဲ့ပါ၏'' ဟုလျှောက်ကြ၏။-