ဆဋ္ဌမသားကားဣသရံဖြစ်၍သူ၏မိခင်မှာ ဧဂလာဖြစ်၏။ ဤသားတော်များသည်ဟေဗြုန် မြို့၌ဖွားမြင်သူများဖြစ်သတည်း။
စတုတ္ထသားသည်အဒေါနိယဖြစ်၍သူ၏ မိခင်မှာဟ္ဂိတ်ဖြစ်၏။ ပဉ္စမသားမှာရှေဖတိ ဖြစ်၍သူ၏မိခင်သည်အဘိတလဖြစ်၏။-
ရှောလုမင်းဆက်ကိုထောက်ခံသူများနှင့်ဒါဝိဒ် ကိုထောက်ခံသူများဆက်လက်၍ စစ်ဖြစ်နေသည့် ကာလကြာလာသည်နှင့်အမျှအာဗနာသည် ရှောလု၏ဆွေတော်မျိုးတော်တို့အပေါ်တွင် ပို၍ပို၍တန်ခိုးအာဏာလွှမ်းမိုးလာလေ သည်။
သားသမီးများသည်ထာဝရဘုရားပေး သော ဆုလာဘ်များဖြစ်ကြ၏။ သူတို့သည်ကောင်းချီးမင်္ဂလာအစစ်အမှန် ဖြစ်ကြ၏။