၂ ရာ 3:38Common Language Bibleမင်းကြီးကမိမိ၏အရာရှိတို့အား``ယနေ့ သည်ဣသရေလခေါင်းဆောင်ကြီးတစ်ဦး ကွယ်လွန်သည့်နေ့ဖြစ်ကြောင်းသင်တို့မသိ ကြပါသလော။- အခန်းကိုကြည့်ပါ။ |
ထိုအချိန်၌ဒါဝိဒ်သည်ဟေဗြုန်မြို့တွင်ရှိ နေသဖြင့် အာဗနာသည်သူ၏ထံသို့စေတမန် များကိုလွှတ်၍``ဤပြည်ကိုအဘယ်သူအုပ်စိုး ပါမည်နည်း။ အကျွန်ုပ်နှင့်သစ္စာဖွဲ့တော်မူလျှင် အရှင့်ဘက်သို့ဣသရေလတစ်ပြည်လုံးပါ လာစေရန်အကျွန်ုပ်ကူညီဆောင်ရွက်ပေးပါ မည်'' ဟုလျှောက်စေ၏။
ဒါဝိဒ်က``အို အာဗနာ၊ သင်သည်ဣသရေလ ပြည်တွင်ခွန်အားအကြီးဆုံးသောသူမဟုတ် ပါလော။ သို့ဖြစ်၍သင်၏အရှင်သခင်ဘုရင် မင်းမြတ်အား အဘယ်ကြောင့်မကာကွယ်မစောင့် ရှောက်ဘဲနေပါသနည်း။ ခုတင်ကပင်လျှင်လူ တစ်ယောက်သည်သင်၏အရှင်သခင်ကိုသတ် ရန်တပ်စခန်းထဲသို့ဝင်ခဲ့၏။-