အာဗနာကိုဟေဗြုန်မြို့တွင်သင်္ဂြိုဟ်ကြ၏။ သင်္ချိုင်းမှာမင်းကြီးသည်အော်ဟစ်၍ငိုကြွေး တော်မူသဖြင့် အခြားသူအပေါင်းတို့သည် လည်းထိုနည်းတူပြုကြကုန်၏။-
သူတို့သည်စစ်ပွဲတွင်ရှောလုနှင့်ယောနသန် မှစ၍ ထာဝရဘုရား၏လူမျိုးတော်ဖြစ် သောဣသရေလအမျိုးသားတို့မြောက်မြား စွာကျဆုံးသောကြောင့် ညဥ့်ဦးတိုင်အောင် အစာမစားဘဲငိုကြွေးမြည်တမ်းကြ၏။
မင်းကြီးသည်လွန်စွာဝမ်းနည်းကြေကွဲလျက် မြို့တံခါးအမိုးထက်၌ရှိသောအခန်းသို့ တက်သွား၍ငိုကြွေးတော်မူ၏။ ယင်းသို့ တက်သွားစဉ်``အို ငါ့သား၊ ငါ့သားအဗရှလုံ၊ အဗရှလုံငါ့သား၊ သင့်ကိုယ်စားငါသေ ချင်ပါဘိ။ ငါ့သားအဗရှလုံ၊ ငါ့သား'' ဟု ငိုကြွေးမြည်တမ်းလေ၏။
ဒါဝိဒ်အမိန့်ပေးသဖြင့်စစ်သည်တော်တို့ သည်ရေခပ်နှင့်ဗာနာတို့အားသတ်ပြီးလျှင် သူတို့၏ခြေလက်တို့ကိုဖြတ်၍ဟေဗြုန် ရေကန်အနီးတွင်ဆွဲထားကြ၏။ ဣရှ ဗောရှက်၏ဦးခေါင်းကိုမူဟေဗြုန်မြို့ရှိ အာဗနာ၏ဂူတွင်သင်္ဂြိုဟ်ကြ၏။
ရာဇဝတ်ခံထိုက်သော အပြစ်ရှိ၏။ အထက်အရပ်၌ ရှိတော်မူသောဘုရားသခင်ကို ငြင်းပယ်ရာ ရောက်၏။
ငါ့ကိုမုန်းသောသူသည် ပျက်စီးသောအခါ ငါဝမ်းမြောက်သလော။ သူ၌ဘေးရောက်သောအခါ၊ ငါဝါကြွားသလော။
သင်၏ရန်သူလဲသောအခါ ဝမ်းမမြောက်နှင့်။ ခြေထိခိုက်သောအခါ ရွှင်လန်းသောစိတ်မရှိနှင့်။
အားအင်ကုန်ခန်းသည့်တိုင်အောင်ငိုကြွေး ကြ၏။-