Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ 3:29

Common Language Bible

ထို​အ​မှု​အ​တွက်​ယွာ​ဘ​နှင့် သူ​၏​အိမ်​ထောင် စု​ဝင်​အ​ပေါင်း​တို့​အ​ပြစ်​ဒဏ်​သင့်​ကြ​ပါ​စေ သော။ သူ​၏​ဆွေ​စဉ်​မျိုး​ဆက်​တိုင်း​၌​ရိ​နာ စွဲ​သူ၊ နူ​နာ​စွဲ​သူ၊ ခါး​ကုန်း​ချည့်​နဲ့​သူ၊ ဋ္ဌား ဘေး​သင့်​သူ၊ ငတ်​မွတ်​သူ​ရှိ​ပါ​စေ​သော'' ဟု မြွက်​ဆို​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်​က``ဤ​အ​မှု​သည်​သင်​ပြု​သော​အ​မှု ပင်​ဖြစ်​၏။ သင်​သည်​ထာ​ဝ​ရ​ဘု​ရား​ဘိ​သိက် ပေး​တော်​မူ​သော​ဘု​ရင်​ကို​သတ်​ခဲ့​ပါ​သည် ဟု​ဖြောင့်​ချက်​ပေး​ခြင်း​အား​ဖြင့် မိ​မိ​ကိုယ် ကို​သေ​ဒဏ်​သင့်​စေ​ပြီ​တ​ကား'' ဟု​ဆို​၏။

သင်​သည်​ရှော​လု​၏​နိုင်​ငံ​ကို​သိမ်း​ယူ​ခဲ့​၍ သူ​၏​မိ​သား​စု​တို့​ကို​သတ်​သည့်​အ​တွက် ယ​ခု​ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​ကို​ဒဏ် ခတ်​တော်​မူ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည်​နိုင်​ငံ တော်​ကို​သင်​၏​သား​အ​ဗ​ရှ​လုံ​၏​လက်​သို့ ပေး​အပ်​တော်​မူ​ပြီ။ အ​ချင်း​လူ​သတ်​သ​မား၊ သင်​သည်​အကျိုး​နည်း​ရ​လေ​ပြီ'' ဟု​ကျိန် ဆဲ​လေ​၏။

ဤ​သ​တင်း​ကို​ဒါ​ဝိဒ်​ကြား​သိ​တော်​မူ​သော အ​ခါ``အာ​ဗ​နာ​အား​လုပ်​ကြံ​မှု​တွင်​ငါ​နှင့် ငါ​၏​ပြည်​သူ​ပြည်​သား​တို့​သည် လုံး​ဝ​အ​ပြစ် ကင်း​ကြ​ကြောင်း​ထာ​ဝ​ရ​ဘု​ရား​သိ​တော်​မူ ပါ​၏။-

ရှု​ရိ​တပ်​မ​တော်​ဗိုလ်​ချုပ်​နေ​မန်​သည် ရှု​ရိ​ဘု​ရင် ၏​ရို​သေ​လေး​စား​မှု​ကို​များ​စွာ​ခံ​ရ​သူ​ဖြစ်​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​နေ​မန်​အား​ဖြင့် ထာ​ဝရ ဘု​ရား​သည်​ရှု​ရိ​တပ်​များ​ကို​အောင်​ပွဲ​ခံ​စေ​တော် မူ​သော​ကြောင့်​ဖြစ်​၏။ နေ​မန်​သည်​သူ​ရဲ​ကောင်း ကြီး​တစ်​ဦး​ဖြစ်​သော်​လည်း ကြောက်​ရွံ့​ဖွယ်​ဖြစ် သော​အ​ရေ​ပြား​ရော​ဂါ​စွဲ​ကပ်​နေ​သူ​ဖြစ်​ပေ သည်။-

ယ​ခု​နေ​မန်​၏​ရော​ဂါ​သည်​သင့်​အ​ပေါ်​သို့​သက် ရောက်​၍ သင်​နှင့်​သင့်​သား​မြေး​တို့​၌​ထာ​ဝ​စဉ်​စွဲ ကပ်​နေ​လိမ့်​မည်'' ဟု​ဆို​၏။ ဂေ​ဟာ​ဇိ​ထွက်​သွား ချိန်​၌​ထို​ရော​ဂါ​စွဲ​ကပ်​သ​ဖြင့် သူ​၏​ကိုယ်​သည် မိုး​ပွင့်​ကဲ့​သို့​ဖြူ​လျက်​နေ​၏။

ထာ​ဝ​ရ​ဘု​ရား​သည်​တ​ရား​မျှ​တ​တော်​မူ​သည့်​အ​တွက် ငါ​သည်​ကိုယ်​တော်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပါ​မည်။ အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား​ဖြစ်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ကို​ထော​မ​နာ​ပြု​၍​သီ​ချင်း​ဆို​ပါ​မည်။

ထ​၍​တောင်​ဝှေး​ဖြင့်​လမ်း​လျှောက်​နိုင်​လျှင် သော်​လည်း​ကောင်း၊ ထို​သူ​ကို​အ​ပြစ်​ဒဏ် မ​စီ​ရင်​ရ၊ ထို​သူ​အ​လုပ်​ပျက်​သည့်​အ​ချိန် အ​တွက် ဒဏ်​ရာ​ရ​စေ​သူ​က​လျော်​ကြေး​ကို ပေး​၍၊ အ​နာ​ပျောက်​ကင်း​သည့်​အ​ချိန်​အ​ထိ ဒဏ်​ရာ​ရ​သူ​အား​တာ​ဝန်​ယူ​စောင့်​ရှောက် ရ​မည်။

ငွေ​ကို​လက်​ခံ​ခဲ့​လျှင်​သင်​တို့​နေ​ထိုင်​ရာ​ပြည် ကို​ညစ်​ညမ်း​စေ​ရာ​ရောက်​မည်။ လူ​သတ်​မှု​ကူး လွန်​ခြင်း​သည်​တိုင်း​ပြည်​ကို​ညစ်​ညမ်း​စေ​၏။ သို့ ဖြစ်​၍​တိုင်း​ပြည်​၌​လူ​တစ်​ယောက်​အ​သတ်​ခံ ရ​လျှင် လူ​သတ်​မှု​ကူး​လွန်​သူ​အား​သေ​ဒဏ် ပေး​ခြင်း​အား​ဖြင့်​သာ​လျှင်​ထို​ပြည်​ကို​ပြန် လည်​သန့်​စင်​စေ​နိုင်​၏။-

သူ​၏​လက်​မှ​တန်း​လန်း​ကျ​နေ​သော​မြွေ ကို​ကျွန်း​သူ​ကျွန်း​သား​တို့​မြင်​လျှင် ``ဤ​သူ ကား​သူ​သတ်​သ​မား​ဖြစ်​တန်​ရာ​၏။ ပင်​လယ် တွင်​အ​သက်​ဘေး​မှ​လွတ်​မြောက်​ခဲ့​သော်​လည်း တ​ရား​မျှ​တ​မှု​က​သူ့​အား​အ​သက်​ရှင် ခွင့်​မ​ပြု'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။-

ထို့​နောက်​လူ​သေ​အ​လောင်း​တွေ့​ရှိ​ရာ​အ​ရပ် နှင့်​အ​နီး​ဆုံး​မြို့​မှ​အ​ကြီး​အ​ကဲ​အ​ပေါင်း တို့​သည် နွား​မ​အ​ပေါ်​တွင်​လက်​ကို​ရေ​ဆေး လျက်၊-

ထို​သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​နှင့် ပ​ရော​ဖက်​တို့​၏​သွေး​ကို​သွန်း​ခဲ့​ကြ​သ​ဖြင့် ကိုယ်​တော်​သည်​သူ​တို့​သောက်​ရန်​သွေး​ကို​ပေး တော်​မူ​လေ​ပြီ။ ထို​သူ​တို့​ခံ​ထိုက်​သော​ဒဏ်​ကို ခံ​ရ​ကြ​ပါ​၏'' ဟု​လျှောက်​ထား​၏။-

ဤ​သို့​ဖြစ်​ပျက်​ရ​ခြင်း​မှာ​ဂိ​ဒေါင်​၏​သား ခု​နစ်​ဆယ်​ကို​သတ်​ပစ်​ရန် အား​ပေး​သူ​ရှေ​ခင် မြို့​သား​များ​နှင့်​အ​ဘိ​မ​လက်​အား မိ​မိ​တို့ ကူး​လွန်​ခဲ့​သည့်​အ​ပြစ်​၏​အ​ခ​ကို​ပေး​ဆပ် ကြ​စေ​ရန်​ပင်​ဖြစ်​သတည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ