Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ 3:27

Common Language Bible

ဟေ​ဗြုန်​မြို့​သို့​အာ​ဗ​နာ​ရောက်​ရှိ​လာ​သော အ​ခါ ယွာ​ဘ​သည်​မြို့​တံ​ခါး​နံ​ဘေး​သို့​ခေါ် ယူ​ကာ​တီး​တိုး​ပြော​ဆို​ဆွေး​နွေး​ဟန်​ပြု​၍ ဝမ်း​ကို​ဋ္ဌား​နှင့်​ထိုး​လိုက်​၏။ ဤ​သို့​လျှင်​အာ​ဗ​နာ သည်​ယွာ​ဘ​၏​ညီ​အာ​သ​ဟေ​လ​ကို​သတ်​ခဲ့ သည့်​အ​တွက်​လုပ်​ကြံ​ခြင်း​ကို​ခံ​ရ​လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင်​အ​ဗ​ရှ​လုံ​က``ထို​သို့​ဖြစ်​ပါ​မူ ယုတ်​စွ​အ​ဆုံး​အ​ကျွန်ုပ်​၏​အစ်​ကို​အာ​မ​နုန် ကို​သွား​ခွင့်​ပြု​တော်​မူ​ပါ'' ဟု​လျှောက်​၏။ မင်း​ကြီး​က``အ​ဘယ်​ကြောင့်​သူ့​အား သွား​စေ​ရ​ပါ​မည်​နည်း'' ဟု​ဆို​၏။-

ထို့​ပြင်​အာ​မ​သ​အား``သင်​သည်​ငါ​၏​ဆွေ​မျိုး ဖြစ်​၏။ ယ​ခု​အ​ချိန်​မှ​စ​၍​သင့်​အား​ယွာ​ဘ ၏​နေ​ရာ​တွင်​တပ်​မ​တော်​ဗိုလ်​ချုပ်​အ​ဖြစ်​ငါ ခန့်​ထား​ပြီ။ ယင်း​သို့​ငါ​မ​ပြု​ပါ​မူ​ဘု​ရား​သ​ခင်​သည်​ငါ့​အား​အ​ဆုံး​စီ​ရင်​တော်​မူ​ပါ စေ​သော'' ဟု​ပြော​ကြား​ရန်​လည်း​မှာ​တော်​မူ လိုက်​၏။-

ယွာ​ဘ​သည်​ဒါ​ဝိဒ်​ထံ​မှ​ထွက်​လာ​ပြီး​နောက် အာ​ဗ​နာ​ကို​ပြန်​ခေါ်​ရန်​စေ​တ​မန်​များ​ကို လွှတ်​လိုက်​၏။ သူ​တို့​သည်​အာ​ဗ​နာ​အား​သိ ရ​ရေ​တွင်း​မှ​ပြန်​၍​ခေါ်​ဆောင်​ခဲ့​ကြ​၏။-

ဤ​သ​တင်း​ကို​ဒါ​ဝိဒ်​ကြား​သိ​တော်​မူ​သော အ​ခါ``အာ​ဗ​နာ​အား​လုပ်​ကြံ​မှု​တွင်​ငါ​နှင့် ငါ​၏​ပြည်​သူ​ပြည်​သား​တို့​သည် လုံး​ဝ​အ​ပြစ် ကင်း​ကြ​ကြောင်း​ထာ​ဝ​ရ​ဘု​ရား​သိ​တော်​မူ ပါ​၏။-

ရှော​လု​၏​သား​ဣရှ​ဗော​ရှက်​သည်​ဟေ​ဗြုန်​မြို့ တွင် အာ​ဗ​နာ​အ​သတ်​ခံ​ရ​ကြောင်း​ကြား​သော အ​ခါ​ကြောက်​လန့်​လေ​၏။ ဣ​သ​ရေ​လ​ပြည် သား​အ​ပေါင်း​တို့​သည်​လည်း​ကြောက်​လန့် ကြ​ကုန်​၏။-

ငါ​၏​ခ​မည်း​တော်​မ​သိ​ဘဲ​ကူး​လွန်​ခဲ့​သည့် လူ​သတ်​မှု​များ​အ​တွက် ထာ​ဝ​ရ​ဘု​ရား​သည် ယွာ​ဘ​အား​အပြစ်​ဒဏ်​စီ​ရင်​တော်​မူ​လိမ့်​မည်။ ယွာ​ဘ​သည်​မိ​မိ​ထက်​သာ​လွန်​ကောင်း​မြတ် သည့်​ဣ​သ​ရေ​လ​တပ်​မ​တော်​ဗိုလ်​ချုပ်​အာ​ဗ​နာ နှင့်​ယု​ဒ​တပ်​မ​တော်​ဗိုလ်​ချုပ်​အာ​မ​သ​တည်း ဟူ​သော​အ​ပြစ်​မဲ့​သူ​နှစ်​ဦး​အား​သတ်​ဖြတ် ခဲ့​ပေ​သည်။-

``ထို့​ပြင်​သင့်​အား​မှာ​ကြား​ရန်​ကိစ္စ​တစ်​ခု ရှိ​သေး​၏။ ယွာ​ဘ​သည်​ဣ​သ​ရေ​လ​တပ်​မ တော်​ဗိုလ်​ချုပ်​နှစ်​ဦး​ဖြစ်​သော​နေ​ရ​၏​သား အာ​ဗ​နာ​နှင့်​ယေ​သာ​၏​သား​အာ​မ​သ​တို့ ကို​သတ်​ခြင်း​အား​ဖြင့် ငါ့​အား​အ​ဘယ်​သို့ ပြု​ခဲ့​ကြောင်း​သင်​မှတ်​မိ​ပါ​လိမ့်​မည်။ စစ် ဖြစ်​ချိန်​က​သတ်​ဖြတ်​မှု​များ​အ​တွက် လက်​စား​ချေ​သည့်​အ​နေ​ဖြင့် သူ​သည်​ထို သူ​တို့​အား​ငြိမ်း​ချမ်း​နေ​ချိန်​၌​အ​ဘယ် သို့​သတ်​ဖြတ်​ခဲ့​သည်​ကို​လည်း​သင်​မှတ်​မိ ပါ​လိမ့်​မည်။ သူ​သည်​အ​ပြစ်​မဲ့​သူ​များ အား​သတ်​ခဲ့​သည်။ သူ​ပြု​ခဲ့​သည့်​အ​မှု အ​တွက်​ယ​ခု​ငါ့​မှာ​တာ​ဝန်​ရှိ​သ​ဖြင့် သူ​၏​ဆိုး​မွေ​ကို​ငါ​ခံ​ရ​၏။-

အငြိုးထားခြင်းကို လှည့်စားခြင်းအားဖြင့် ဝှက် ထားသောသူ၏ ဒုစရိုက်အပြစ်သည် ပရိသတ်ရှေ့မှာ ထင်ရှားလိမ့်မည်။

န​သ​နိ​၏​သား​ဣ​ရှ​မေ​လ​နှင့်​သူ​၏​လူ​ဆယ် ယောက်​သည် မိ​မိ​တို့​ဋ္ဌား​များ​ကို​ဆွဲ​ထုတ်​ပြီး နောက် ပြည်​နယ်​ဘု​ရင်​ခံ​အ​ဖြစ်​ဗာ​ဗု​လုန် ဘု​ရင်​ခန့်​ထား​သည့်​ဂေ​ဒ​လိ​ကို​ခုတ်​သတ် ကြ​ကုန်​၏။-

သေ​ဆုံး​သူ​နှင့်​အ​နီး​ဆုံး​သွေး​တော်​စပ်​သူ သည် တာ​ဝန်​ရှိ​သ​ဖြင့်​လူ​သတ်​သ​မား​ကို တွေ့​လျှင်​သတ်​ရ​မည်။

``တစ်​စုံ​တစ်​ယောက်​အား မုန်း​တီး​သ​ဖြင့်​တွန်း ချ​၍​သော်​လည်း​ကောင်း၊ တစ်​စုံ​တစ်​ခု​နှင့် ပစ်​၍​သော်​လည်း​ကောင်း၊-

`` `လူ​တစ်​ယောက်​အား​လျှို့​ဝှက်​စွာ​သတ်​သူ​သည် ဘု​ရား​သ​ခင်​၏​ကျိန်​ခြင်း​ကို​ခံ​စေ​သ​တည်း' ဟု​ကျိန်​ဆို​သော​အ​ခါ``လူ​အ​ပေါင်း​တို့ က`အာ​မင်' ဟု​ဝန်​ခံ​ရ​ကြ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ