အရောနသည်ကြည့်လိုက်သောအခါမိမိထံ သို့မင်းကြီးနှင့်မှူးမတ်များလာနေကြသည် ကိုမြင်လျှင်ဒါဝိဒ်၏ရှေ့တော်၌မြေပေါ်သို့ လှဲချပျပ်ဝပ်လျက်၊-
မျက်နှာကိုမော်ကြည့်လိုက်ရာ လူသုံးဦးရပ်နေသည် ကိုတွေ့မြင်ရလေသည်။ အာဗြဟံသည်သူတို့ကို မြင်လျှင် ခရီးဦးကြိုဆိုခြင်းငှာပြေးသွားလေ၏။ သူသည်ဦးညွှတ်ပျပ်ဝပ်လျက်၊-
နောက်တစ်နေ့၌ ရှောလု၏တပ်စခန်းမှလူငယ် တစ်ယောက်သည် ဝမ်းနည်းကြေကွဲသည့်လက္ခဏာ ဖြင့် မိမိ၏အဝတ်များကိုဆုတ်ဖြဲကာ ဦးခေါင်း ကိုမြေမှုန့်ကြဲဖြန့်လျက်ရောက်လာ၏။ သူသည် ဒါဝိဒ်ထံသို့ချဉ်းကပ်ပြီးလျှင်မြေပေါ်မှာ ပျပ်ဝပ်ရှိခိုးလေ၏။-
ဒါဝိဒ်သည်ထာဝရဘုရား၏အမိန့်တော် အတိုင်း အရောန၏ကောက်နယ်တလင်းသို့ သွားတော်မူ၏။-
``အရှင်မင်းကြီးအဘယ်ကြောင့်ဤအရပ်သို့ ကြွလာတော်မူပါသနည်း'' ဟုလျှောက်၏။ ဒါဝိဒ်က``ကပ်ရောဂါဘေးငြိမ်းအေးသွားစေ ခြင်းငှာ ထာဝရဘုရားအတွက်ယဇ်ပလ္လင်ကို တည်ဆောက်လိုသဖြင့် သင်၏ကောက်နယ်တလင်း ကိုဝယ်ယူရန်ငါလာသည်'' ဟုမိန့်တော်မူ၏။
မေဖိဗောရှက်သည်တစ်ဖန်ဦးချပြီး လျှင်``အရှင်ခွေးသေကောင်သဖွယ်ဖြစ်သူ ကျွန်တော်မျိုးအားအရှင်သည် အဘယ် ကြောင့်ဤသို့ကျေးဇူးပြုတော်မူပါ သနည်း'' ဟုလျှောက်၏။
ရုသသည်မြေသို့တိုင်အောင်ဦးညွှတ်ပျပ်ဝပ် လျက် ဗောဇအား``အရှင်သည်အဘယ်ကြောင့် ကျွန်မကဲ့သို့နိုင်ငံခြားသူတစ်ဦးကို ဤမျှ ဂရုတစိုက်ပြု၍သနားကြင်နာပါသနည်း'' ဟုဆိုလျှင်၊