၂ ရာ 24:1Common Language Bibleတစ်ဖန်ထာဝရဘုရားသည်ဣသရေလအမျိုး သားတို့အပေါ်တွင်အမျက်ထွက်တော်မူသဖြင့် သူတို့ကိုဒဏ်ခတ်ရန်ဒါဝိဒ်အားအပြစ်ကူး မိစေတော်မူ၏။ ထာဝရဘုရားက``သင်သည် သွား၍ဣသရေလနှင့်ယုဒပြည်တွင်သန်း ခေါင်စာရင်းကောက်ယူလော့'' ဟုဒါဝိဒ်အား မိန့်တော်မူ၏။- အခန်းကိုကြည့်ပါ။ |
တောလတွင်သြဇိ၊ ရေဖာယ၊ ယေရေလ၊ ယာမဲ၊ ယိဗသံ၊ ရှမွေလဟူ၍သားခြောက်ယောက်ရှိ ၏။ ထိုသူတို့သည်တောလသားချင်းစု၏ ဦးစီးခေါင်းဆောင်များ၊ ထင်ပေါ်ကျော်စော သောစစ်သူရဲများဖြစ်ကြ၏။ သူတို့၏သား မြေးဦးရေသည်ဒါဝိဒ်မင်း၏လက်ထက်၌ နှစ်သောင်းနှစ်ထောင်ခြောက်ရာရှိသတည်း။
ထိုနောက်မောရှေကအာရုန်နှင့်သူ၏သား များဖြစ်ကြသော ဧလာဇာနှင့်ဣသမာတို့ အား``သင်တို့သည်သေဆုံးသူများအတွက် ဝမ်းနည်းကြေကွဲခြင်းကိုပြရန် ဆံပင်ကို မဖြီးဘဲမနေကြနှင့်။ အဝတ်အင်္ကျီများ ကိုလည်းမဆုတ်ဖြဲကြနှင့်။ ထိုသို့ပြုလျှင် သင်တို့၏အသက်ဆုံးရလိမ့်မည်။ ထာဝရ ဘုရားသည်လည်း ဣသရေလအမျိုးသား အပေါင်းတို့အားအမျက်တော်ထွက်လိမ့်မည်။ သို့သော်သင်တို့၏သွေးချင်းဖြစ်သော ဣသရေလအမျိုးသားအပေါင်းတို့မူ ကား ထာဝရဘုရားထံတော်မှလောင်မီး ကျ၍ သေဆုံးသူတို့အတွက်ဝမ်းနည်း ကြေကွဲကြောင်းပြနိုင်သည်။-
သို့ဖြစ်၍ထာဝရဘုရားသည်ဣသရေလ အမျိုးသားတို့ကိုပြင်းစွာအမျက်ထွက်တော် မူသဖြင့် ရန်သူတို့ကိုသူတို့အားလုယက် တိုက်ခိုက်ရန်အခွင့်ပြုတော်မူ၏။ ကိုယ်တော် သည်ပတ်ဝန်းကျင်ရှိရန်သူတို့ကို ဣသရေလ အမျိုးသားတို့အားနှိမ်နင်းအောင်မြင်ခွင့် ပေးတော်မူသဖြင့် ဣသရေလအမျိုးသား တို့သည်မိမိတို့ကိုယ်ကိုကာကွယ်နိုင်စွမ်း မရှိကြတော့ချေ။-
အရှင်မင်းကြီး၊ အကျွန်ုပ်လျှောက်ထားသည်ကို နားညောင်းတော်မူပါ။ အရှင့်အားအကျွန်ုပ်နှင့် ရန်သူဖြစ်အောင်ပြုသူသည် ထာဝရဘုရား ဖြစ်ခဲ့သော်အမျက်တော်ပြေစေရန်ပူဇော် သကာကိုဆက်သနိုင်ပါသည်။ အကယ်၍ ယင်းသို့ရန်သူဖြစ်အောင်ပြုသောသူတို့မှာ လူသားများဖြစ်ပါမူ သူတို့သည်ထာဝရ ဘုရား၏ကျိန်စာသင့်ကြပါစေသတည်း။ ဣသရေလအမျိုးသားတို့အားထာဝရ ဘုရားပေးတော်မူသောနယ်မြေမှ လူမျိုး ခြားတို့၏ဘုရားများကိုသာကိုးကွယ် နိုင်သောနယ်မြေသို့အကျွန်ုပ်အားသူတို့ နှင်ထုတ်ကြပါ၏။-