Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ 23:8

Common Language Bible

ဒါ​ဝိဒ်​၏​သူ​ရဲ​ကောင်း​တို့​၏​နာ​မည်​များ​ကို ဖော်​ပြ​အံ့။ ပ​ထ​မ​သူ​ရဲ​ကောင်း​မှာ​ဟ​ပေါ​နိ မြို့​သား၊ သူ​ရဲ​ကောင်း​သုံး​ဦး​တို့​၏​ခေါင်း​ဆောင် ယာ​ရှော​ဘံ​ဘက်​ရှိ​ဗက်​ဖြစ်​သည်။ သူ​သည်​တိုက် ပွဲ​တစ်​ခု​တည်း​၌​လူ​ရှစ်​ရာ​ကို​မိ​မိ​၏​လှံ​ဖြင့် ထိုး​သတ်​ခဲ့​သူ​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ထို​သတင်း​ကို​ကြား​သိ​သော​အ​ခါ​ဒါ​ဝိဒ်​သည် ယွာ​ဘ​နှင့်​တပ်​မ​တော်​တစ်​ခု​လုံး​ကို​ချီ​တက် စေ​၏။-

သို့​ရာ​တွင်​ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်၊ ယော​ယ​ဒ ၏​သား​ဗေ​နာ​ယ၊ ပ​ရော​ဖက်​နာ​သန်၊ ရှိ​မိ၊ ရေ​ဣ နှင့်​ဒါ​ဝိဒ်​၏​ကိုယ်​ရံ​တော်​တပ်​သား​များ​က​မူ အ​ဒေါ​နိ​ယ​ဘက်​သို့​မ​ဝင်​ကြ။

အောက်​ပါ​တို့သည်​ဒါ​ဝိဒ်​၏​နာ​မည်​ကျော် စစ်​သူ​ရဲ​များ​ဖြစ်​ကြ​၏။ သူ​တို့သည်​ထာ​ဝ​ရ ဘု​ရား​၏​က​တိ​တော်​အ​တိုင်း ဒါ​ဝိဒ်​အား​မင်း မြှောက်နိုင်​ရန်​အ​ခြား​ဣ​သ​ရေလ​ပြည်သား တို့နှင့်​အ​တူ​ဝိုင်း​ဝန်း​ကူ​ညီ​ကာ မင်း​ကြီး ၏နိုင်​ငံ​ကို​လည်း​တည်​တံ့​ခိုင်​မြဲ​စေ​သူ များ​ဖြစ်​ကြ​၏။

ဘု​ရင်​၏​အ​မှု​တော်​ကို​ထမ်း​ရွက်​ရ​သူ ဣ​သ​ရေ​လ အ​မျိုး​သား​အိမ်​ထောင်​ဦး​စီး​များ၊ သား​ချင်း​စု ခေါင်း​ဆောင်​များ​နှင့်​နိုင်​ငံ​တော်​အုပ်​ချုပ်​ရေး အ​ရာ​ရှိ​များ​စာ​ရင်း​မှာ​အောက်​ပါ​အ​တိုင်း ဖြစ်​၏။ သူ​တို့​သည်​လူ​ပေါင်း​နှစ်​သောင်း​လေး ထောင်​စီ​ရှိ​သည့်​အ​ဖွဲ့​များ​ဖွဲ့​၍​တစ်​လ​လျှင် တစ်​ဖွဲ့​တာ​ဝန်​ယူ​ရ​ကြ​၏။ ထို​အ​ဖွဲ့​တိုင်း​ကို သက်​ဆိုင်​ရာ​တပ်​မ​ဟာ​မှူး​တစ်​ယောက်​က ကွပ်​ကဲ​အုပ်​ချုပ်​လေ​သည်။

တစ်​လ​စီ​တာ​ဝန်​ကျ​သည့်​တပ်​မ​ဟာ​မှူး​များ မှာ၊ ပ​ထ​မ​လ​၌​ဇာ​ဗ​ဒေ​လ​၏​သား​ယာ​ရှော​ဗံ (သူ​သည်​ယု​ဒ​အ​နွယ်​ဝင်​ဖာ​ရက်​၏​သား​ချင်း စု​ဝင်​ဖြစ်​၏။) ဒု​တိ​ယ​လ​၌​အ​ဟော​ဟိ​၏​သား​မြေး​ဒေါ​ဒဲ။ (သူ​၏​လက်​ထောက်​တပ်​မှူး​မှာ​မိ​က​လုပ်​ဖြစ်​၏။) တ​တိ​ယ​လ​၌​ယဇ်​ပု​ရော​ဟိတ်​ယော​ယ​ဒ ၏​သား​ဗေ​နာ​ယ။ သူ​သည်​နာ​မည်​ကျော်​သူ​ရဲ ကောင်း​သုံး​ကျိပ်​တို့​၏​ခေါင်း​ဆောင်​ဖြစ်​သ​တည်း၊ (သူ​၏​သား​အ​မိ​ဇ​ဗဒ်​သည်​သူ​၏​ရာ​ထူး​ကို ဆက်​ခံ​ရ​ရှိ​၍​တပ်​မ​ဟာ​မှူး​ဖြစ်​လာ​၏။) စ​တုတ္ထ​လ​၌​ယွာ​ဘ​၏​ညီ၊ အာ​သ​ဟေ​လ (သူ​၏​သား​ဇေ​ဗ​ဒိ​သည်​ရာ​ထူး​ကို​ဆက်​ခံ ရ​ရှိ​၏။) ပဉ္စ​မ​လ​၌​ဣ​ဇ​ဟာ​၏​သား​မြေး​ရှံ​ဟုတ်။ ဆ​ဋ္ဌ​မ​လ​၌​တေ​ကော​မြို့​မှ​ဣ​ကေ​ရှ​၏ သား​ဣ​ရ။ သတ္တမ​လ​၌​ပေ​လာ​နိ​မြို့​မှ​ဧ​ဖ​ရိမ်​အ​နွယ် ဝင်​ဟေ​လက်။ အ​ဋ္ဌ​မ​လ​၌​ဟု​ရှ​မြို့​မှ​သိ​ဗေ​ကဲ (သူ​သည် ယု​ဒ​အ​နွယ်၊ ဇာ​ရ​သား​ချင်း​စု​မှ​ဖြစ်​၏။) န​ဝ​မ​လ​၌​အ​နေ​သော​သိ​မြို့​ဗင်္ယာ​မိန် အ​နွယ်​ဝင် ဒေ​သ​မှ​အ​ဗျေ​ဇာ။ ဒ​သ​မ​လ​၌​နေ​တော​ဖာ​သိ​မြို့​မှ​မ​ဟာ​ရဲ (သူ​သည်​ဇာ​ရ​သား​ချင်း​စု​ဝင်​ဖြစ်​၏။) ဧ​က​ဒ​သ​မ​လ​၌​ပိ​ရ​သော​နိ​မြို့​မှ​ဧ​ဖ​ရိမ် အ​နွယ်​ဝင် ဒေ​သ​မှ​ဗေ​နာ​ယ။ ဒွါ​ဒ​သ​မ​လ​၌​နေ​တော​ဖာ​သိ​မြို့​မှ​ဟေ​လ​ဒဲ (သူ​သည်​သြ​သ​နေ​လ​၏​သား​မြေး​ဖြစ်​၏။)

ဒါ​ဝိဒ်​၏​ဘ​ထွေး​တော်​ယော​န​သန်​သည် တတ် သိ​လိမ္မာ​စွာ​အ​ကြံ​ဉာဏ်​ပေး​တတ်​သူ​ပ​ညာ​ရှင် ဖြစ်​၏။ သူ​နှင့်​ဟ​ခ​မော​နိ​၏​သား​ယေ​ဟေ​လ တို့​သည်​ဘု​ရင့်​သား​တော်​များ​အား​ပ​ညာ​ပို့ ချ​ရေး​ကို​တာ​ဝန်​ယူ​ရ​ကြ​၏။-

ထို​နောက်​သူ​သည်​မ​ကြာ​မီ​က​သေ​သွား​သည့် မြည်း​တစ်​ကောင်​၏​မေး​ရိုး​တစ်​ချောင်း​ကို​တွေ့ ရှိ​သ​ဖြင့်​ကောက်​ယူ​ပြီး​လျှင် ထို​မေး​ရိုး​ဖြင့် လူ​တစ်​ထောင်​မျှ​ကို​တိုက်​ခိုက်​သတ်​ဖြတ်​ပစ် လိုက်​လေ​သည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ