၂ ရာ 23:3Common Language Bibleဣသရေလအမျိုးသားတို့၏ကွယ်ကာရာ အရှင် ဣသရေလအမျိုးသားတို့၏ဘုရားသခင်သည် ငါ့အားဤသို့မိန့်တော်မူ၏။ ``ဘုရားသခင်ကိုကြောက်ရွံ့ရိုသေလျက် တရားမျှတစွာအုပ်စိုးသောမင်းသည်၊ အခန်းကိုကြည့်ပါ။ |
အဆွေတော်၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူပါစေသတည်း။ ကိုယ်တော်သည် အဆွေတော်ကိုလွန်စွာနှစ်သက်မြတ်နိုးတော်မူ သည်ဖြစ်၍ ဣသရေလဘုရင်အဖြစ်ချီးမြှောက် တော်မူလေပြီ။ ဣသရေလလူမျိုးကိုထာဝစဉ် ချစ်တော်မူသဖြင့် သူတို့အားတရားမျှတစွာ အုပ်စိုးစေရန်အဆွေတော်ကိုမင်းမြှောက်တော် မူလေပြီ'' ဟုပြော၏။
အို ဘုရားသခင်၊ ကိုယ်တော်ရှင်၏တရားတော်နှင့်အညီ စီရင်ဆုံးဖြတ် နိုင်ရန်မင်းကြီးအားသွန်သင်တော်မူပါ။ ကိုယ်တော်ရှင်၏လူစုတော်အားတရားမျှတစွာ အုပ်ချုပ်နိုင်စေရန်လည်းကောင်း၊ ဆင်းရဲသောသူတို့ကိုတရားတော်နှင့်အညီ အုပ်စိုးနိုင်စေရန်လည်းကောင်း ကိုယ်တော်ရှင်၏တရားမျှတမှုအတိုင်း စီရင်နိုင်ခွင့်ကိုမင်းကြီးအားပေးတော် မူပါ။
တစ်ဖန်ထာဝရဘုရားကမောရှေအား``သင် တို့ဘိုးဘေးတို့၏ထာဝရဘုရား၊ အာဗြဟံ ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရား တည်းဟူသောထာဝရဘုရားသည် သင်တို့ ထံသို့ငါ့အားစေလွှတ်တော်မူသည်ဟု ဣသရေလအမျိုးသားတို့အားပြောရ မည်။ ဤနာမသည်ထာဝစဉ်ငါ၏နာမ ဖြစ်၏။ နောင်လူမျိုးအဆက်ဆက်တို့သည် ထိုနာမဖြင့်ငါ့အားသိကြလိမ့်မည်။-
ဇိအုန်မြို့သူ၊မြို့သားအပေါင်းတို့၊ အားရ ရွှင်မြူး ကြလော့။ အားရရွှင်မြူးကြလော့။ အချင်းယေရုရှလင်မြို့သူ၊မြို့သားတို့၊ ဝမ်းမြောက်စွာကြွေးကြော်ကြလော့။ ကြည့်ကြ။ သင်တို့၏ဘုရင်ကြွလာတော်မူပြီ။ ထိုအရှင်သည်အောင်ပွဲခံ၍ကယ်တင်တော် မူရန် ကြွလာသည်ဖြစ်သော်လည်း စိတ်နှလုံးနှိမ့်ချလျက်မြည်းမ၏သား မြည်းကလေးကိုစီး၍လာ၏။