၂ ရာ 23:20Common Language Bibleကပ်ဇေလမြို့မှယောယဒ၏သားဗေ နာယသည်နာမည်ကျော်သူရဲကောင်းတစ်ဦး ဖြစ်၏။ သူသည်ရဲဝံ့စွန့်စားရသောအမှု များကိုပြုခဲ့၏။ သူသည်အလွန်ကြီးမား သောမောဘစစ်သူရဲနှစ်ယောက်ကိုသတ် ခဲ့၏။ အလွန်ချမ်းဧသောဆောင်းနေ့တစ်နေ့ ၌သားရဲတွင်းတစ်ခုသို့ဝင်၍ခြင်္သေ့တစ် ကောင်ကိုသတ်ခဲ့၏။- အခန်းကိုကြည့်ပါ။ |
ဒါဝိဒ်သည်သဲကန္တာရရဲတိုက်တွင်ရှိနေစဉ် အခါ သူ၏တပ်မတော်သို့ဝင်ရောက်လာကြ သူနာမည်ကျော်စစ်ရည်ဝသူရဲတို့မှာအောက် ပါအတိုင်းဖြစ်၏။ ထိုသူတို့သည်ခြင်္သေ့ကဲ့ သို့ကြောက်မက်ဖွယ်သဏ္ဌာန်ကိုဆောင်လျက် ဒိုင်းလွှားအတတ်၊ လှံအတတ်တို့တွင်အထူး ကျွမ်းကျင်သူများဖြစ်ကြ၏။ တောင်ပေါ် ဒရယ်ကဲ့သို့လည်းလျင်မြန်ဖြတ်လတ် ကြ၏။-