Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ 22:9

Common Language Bible

နှာ​ခေါင်း​တော်​ထဲ​မှ​မီး​ခိုး​များ​သည်​လည်း​ကောင်း၊ ခံ​တွင်း​တော်​ထဲ​မှ​ကျွမ်း​လောင်​စေ​တတ်​သည့် မီး​လျှံ​နှင့်​မီး​ကျီး​ခဲ​များ​သည်​လည်း​ကောင်း ထွက်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ရှေ့​တော်​၌​လျှပ်​စီး​ပြက်​သ​ဖြင့်​မီး​ကျီး ခဲ​များ​သည် အ​လျှံ​ထ​လေ​၏။

ထာ​ဝ​ရ​ဘု​ရား​သည်​ရန်​သူ​တို့​အား အ​မျက်​ထွက်​တော်​မူ​၍ ဆုံး​မ​ကြိမ်း​ဝါး​တော်​မူ​သော​အ​ခါ၊သ​မုဒ္ဒ​ရာ အောက်​ခံ​နှင့်​ကမ္ဘာ​မြေ​ကြီး​၏ အ​ခြေ​အ​မြစ်​တို့​သည်​ဟင်း​လင်း​ထင်​ပေါ်​လာ ကုန်​၏။

ဘုရားသခင်မှုတ်တော်မူသဖြင့်၊ ထိုသူတို့သည် ပျက်စီး၍၊ ရှုတော်မူသောအသက်ဖြင့်လည်း ဆုံးရှုံးရကြ ၏။

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​ရန်​သူ​တို့​အား​အ​မျက် ထွက်​လျက် ဟိန်း​သံ​ဖြင့်​ဆုံး​မ​တော်​မူ​လိုက်​သော​အ​ခါ သ​မုဒ္ဒ​ရာ အောက်​ခံ​မြေ​သည်​လည်း​ကောင်း၊ကမ္ဘာ​မြေ​ကြီး​၏ အ​ခြေ​ခံ​အုတ်​မြစ်​များ​သည်​လည်း​ကောင်း ပွင့်​လစ်​ပေါ်​ထွက်​လာ​ကုန်​၏။

ကိုယ်​တော်​၏​နှာ​ခေါင်း​တော်​ထဲ​မှ မီး​ခိုး​များ​သည်​လည်း​ကောင်း၊ ခံ​တွင်း​တော်​ထဲ​မှ​ကျွမ်း​လောင်​စေ​တတ်​သည့် မီး​လျှံ​နှင့်​မီး​ကျီး​ခဲ​များ​သည်​လည်း​ကောင်း ထွက်​လေ​၏။

ထာ​ဝ​ရ​ဘု​ရား​သည်​သိ​နာ​တောင်​ပေါ်​သို့ မီး​တောက်​မီး​လျှံ​အ​သွင်​ဖြင့်​ကြွ​ဆင်း​လာ သည်​ဖြစ်​၍၊ တောင်​တစ်​ခု​လုံး​မီး​ခိုး​ဖြင့်​ဖုံး လွှမ်း​လျက်​ရှိ​လေ​၏။ မီး​ဖို​မှ​မီး​ခိုး​တက် သ​ကဲ့​သို့​မီး​ခိုး​သည်​အထက်​သို့​တက်​၍ တစ်​တောင်​လုံး​ပြင်း​စွာ​မြေ​င​လျင်​လှုပ် လေ​၏။-

ဘု​ရား​သ​ခင်​၏​တန်​ခိုး​တော်​နှင့်​ဘုန်း​အ​သ​ရေ တော်​ကို​အ​ဝေး​မှ​ပင်​မြင်​နိုင်​ပါ​သည်​တ​ကား။ မီး​လျှံ​နှင့်​မီး​ခိုး​တို့​သည်​ကိုယ်​တော်​၏​အ​မျက် တော်​ကို​ဖော်​ပြ​ကြ​၏။ ကိုယ်​တော်​မိန့်​မြွက်​တော် မူ​သော​အ​ခါ​နှုတ်​တော်​ထွက်​စ​ကား​များ​သည် မီး​ကဲ့​သို့​လောင်​ကျွမ်း​စေ​တတ်​၏။-

ရှေး​မ​ဆွ​က​ပင်​အာ​ရှု​ရိ​ဘု​ရင်​ကို​မီး​သင်္ဂြိုဟ် ရန် လောင်​တိုက်​ကို​ပြင်​ဆင်​၍​ထား​ခဲ့​၏။ ထို​လောင် တိုက်​သည်​အ​စောက်​နက်​၍​ကျယ်​ဝန်း​၏။ ထို အ​ရပ်​တွင်​မြင့်​မား​သော​ထင်း​ပုံ​ကြီး​တစ် ခု​လည်း​ရှိ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ခံ​တွင်း တော်​မှ​မီး​လျှံ​ကို​မှုတ်​ထုတ်​တော်​မူ​၍ ထို ထင်း​ပုံ​ကို​မီး​စွဲ​လောင်​စေ​တော်​မူ​လိမ့်​မည်။

ငါ​၏​အ​မျက်​တော်​သည်​မီး​နှင့်​တူ​၍​ထာ​ဝ​စဉ် တောက်​လောင်​လျက်​ရှိ​သ​ဖြင့် ငါ​သည်​မိ​မိ​လူ မျိုး​တော်​အား​သူ​တို့​မ​ရောက်​ဘူး​သည့်​ပြည် တွင်​ရန်​သူ​များ​၏​အ​စေ​အ​ပါး​ကို​ခံ​စေ မည်'' ဟု​မိန့်​တော်​မူ​၏။

အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က``အို ယေ​ရ​မိ၊ ထို​သူ​တို့​သည်​ဤ​သို့​ပြော​ဆို​သ​ဖြင့် ငါ့​စ​ကား​သည်​သင်​၏​နှုတ်​တွင်​မီး​သ​ဖွယ်​ဖြစ်​၍ သူ​တို့​သည်​လည်း​ထင်း​ကဲ့​သို့​ဖြစ်​ရ​လိမ့်​မည်။ မီး​သည်​သူ​တို့​ကို​ကျွမ်း​လောင်​၍​သွား​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။

ငါ​၏​အ​မျက်​တော်​သည်​မီး​ကဲ့​သို့​တောက်​လောင်​၍ မြေ​ကြီး​ပေါ်​တွင်​ရှိ​သ​မျှ​တို့​ကို​လောင်​ကျွမ်း စေ​မည်။ အ​မျက်​တော်​မီး​သည်​မ​ရ​ဏာ​နိုင်​ငံ တိုင်​အောင်​လည်း​ကောင်း၊ တောင်​အောက်​ခြေ​သို့​တိုင်​အောင်​လည်း​ကောင်း လောင်​လိမ့်​မည်။

အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​တို့​၏​ဘု​ရား သ​ခင်​သည်​ကျွမ်း​လောင်​စေ​တတ်​သော​မီး သ​ဖွယ်​ဖြစ်​တော်​မူ​သော​ကြောင့်​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ