၂ ရာ 22:48Common Language Bibleကိုယ်တော်သည်ငါ့အားရန်သူများကိုအောင် မြင်ခွင့် ပေးတော်မူ၏။ လူမျိုးတကာတို့ကိုငါ၏လက်အောက်သို့ ရောက်စေတော်မူလျက်၊ အခန်းကိုကြည့်ပါ။ |
ဟေဗြုန်မြို့သို့ရောက်သောအခါသူတို့ သည်ဒါဝိဒ်အား``အရှင်၏အသက်ကိုရန် ရှာသောအရှင့်ရန်သူရှောလု၏သားတော် ဣရှဗောရှက်၏ဦးခေါင်းကိုရှုတော်မူပါ။ ယနေ့ထာဝရဘုရားသည်အရှင်မင်းကြီး အား ရှောလုနှင့်သားမြေးတို့အပေါ်တွင် လက်စားချေခွင့်ကိုပေးတော်မူပါပြီ'' ဟုလျှောက်၍ဣရှဗောရှက်၏ဦးခေါင်း ကိုဆက်သကြ၏။
ဒါဝိဒ်သည် နာဗလကွယ်လွန်ကြောင်းကြား သိရသောအခါ``ထာဝရဘုရားသည်မင်္ဂ လာရှိတော်မူပါစေသတည်း။ ကိုယ်တော် သည်နာဗလငါ့ကိုစော်ကားသည့်အတွက် လက်စားချေတော်မူ၍ကိုယ်တော်၏အစေခံ ငါ့ကိုလည်းမိုက်မှားမှုမပြုရန်ဆီးတား တော်မူပြီ။ ထာဝရဘုရားသည်နာဗလ ပြုသည့်ဒုစရိုက်အတွက် သူ့ကိုဒဏ်ခတ် တော်မူလေပြီ'' ဟုမြွက်ဆို၏။ ထိုနောက်ဒါဝိဒ်သည်အဘိဂဲလအား မိမိ နှင့်ထိမ်းမြားမင်္ဂလာပြုရန်လူလွှတ်၍စကား ကမ်းလှမ်းလိုက်လေသည်။-