၂ ရာ 22:45Common Language Bibleလူမျိုးခြားတို့သည်အကျွန်ုပ်ရှေ့တွင် ဦးညွှတ်ပျပ်ဝပ်ကြပါ၏။ သူတို့သည်အကျွန်ုပ်၏အမိန့်ကိုကြားသော အခါ နာခံကြပါ၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရား၏လူမျိုးတော်တွင်ပါဝင်လာ သူလူမျိုးခြားတစ်စုံတစ်ယောက်သည်``ငါ့အား ထာဝရဘုရားသည် မိမိလူမျိုးတော်နှင့်အတူ ဝတ်ပြုကိုးကွယ်ခွင့်ပြုလိမ့်မည်မဟုတ်'' ဟု မဆိုသင့်။ မိန်းမစိုးတစ်စုံတစ်ယောက်ကလည်း မိမိသည် သားသမီးမရနိုင်သဖြင့်၊ ဘုရားသခင်၏ လူမျိုးတော်တွင်အပါအဝင်မဖြစ်နိုင်ဟု အဘယ်အခါ၌မျှမဆိုအပ်။-
ဣသရေလအမျိုးသားတို့၊ သင်တို့သည် မင်္ဂလာရှိကြ၏။ ထာဝရဘုရားသင်တို့ကိုကယ်တင်သောကြောင့် သင်တို့သည်ထူးခြားသည့်လူမျိုးဖြစ်သည်။ သင်တို့ကိုကာကွယ်ရန်နှင့်ရန်သူကိုအောင် မြင်ရန် ထာဝရဘုရားကိုယ်တော်တိုင် သင်တို့၏ဒိုင်းလွှားသင်တို့၏ဋ္ဌားဖြစ်တော် မူ၏။ သင်တို့၏ရန်သူတို့သည်အသနားခံရန် သင်တို့ထံသို့လာကြလိမ့်မည်။ ထိုအခါသင်တို့သည်သူတို့ကိုနင်းချေ ကြလိမ့်မည်။