Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ 22:43

Common Language Bible

အ​ကျွန်ုပ်​သည်​သူ​တို့​အား​ချေ​မှုန်း​သ​ဖြင့် သူ​တို့​သည် မြေ​မှုန့်​ကဲ့​သို့​ညက်​ညက်​ကြေ​ကြ​ပါ​၏။ လမ်း​ပေါ်​မှ​ရွှံ့​ကို​နင်း​သ​ကဲ့​သို့​သူ​တို့​အား အ​ကျွန်ုပ်​နင်း​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

သင်​သွား​လေ​ရာ​ရာ​၌​သင်​နှင့်​အ​တူ​ငါ​ပါ​ရှိ လျက် သင်​၏​ရန်​သူ​ရှိ​သ​မျှ​တို့​ကို​နှိမ်​နင်း​ပေး ခဲ့​၏။ ငါ​သည်​သင့်​အား​ကမ္ဘာ​ပေါ်​တွင်​အ​ကျော် စော​ဆုံး​သော​ခေါင်း​ဆောင်​တစ်​ဦး​ဖြစ်​စေ​မည်။-

ရှု​ရိ​ဘု​ရင်​၏​မြေ​မှုန့်​ကဲ့​သို့​ဖျက်​ဆီး​ချေ မှုန်း​ခြင်း​ကို​ခံ​ရ​သ​ဖြင့် ယော​ခတ်​တွင်​မြင်း စီး​သူ​ရဲ​ငါး​ဆယ်၊ စစ်​ရ​ထား​ဆယ်​စီး​နှင့် ခြေ​လျင်​တပ်​သား​တစ်​သောင်း​မျှ​သာ​ကျန် ရှိ​တော့​သည်။

လေ​တိုက်​၍​လွင့်​ပါ​သွား​သော​မြေ​မှုန့်​သ​ဖွယ် ဖြစ်​စေ​ရန် သူ​တို့​အား​ကျွန်​တော်​မျိုး​ချေ​မှုန်း​ပါ​၏။ လမ်း​များ​ပေါ်​မှ​ရွှံ့​သ​ဖွယ်​သူ​တို့​အား ကျွန်​တော်​မျိုး​ကျော်​နင်း​ပါ​၏။

ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် သူ​တို့​အား​လိုက်​လံ​ဖမ်း​ဆီး​သ​ဖြင့် သူ​တို့​သည်​လေ​တိုက်​ရာ​တွင်​လွင့်​ပါ​သွား တတ်​သော ဖွဲ​ကဲ့​သို့​ဖြစ်​ရ​ကြ​ပါ​စေ​သော။

ဘု​ရား​မဲ့​လူ​မျိုး၊ ငါ​၏​အ​မျက်​တော်​ကို​လှုံ့ ဆော်​ပေး​သည့်​လူ​တို့​အား​တိုက်​ခိုက်​ရန်​အာ ရှု​ရိ​အ​မျိုး​သား​တို့​ကို​ငါ​စေ​လွှတ်​ခဲ့​၏။ သူ​တို့​သည်​လု​ယက်​ခိုး​ဝှက်​ကာ​ထို​လူ​စု​ကို မြေ​မှုန့်​သ​ဖွယ် လမ်း​များ​ပေါ်​တွင်​ကျော်​နင်း ကြ​စေ​ရန်​ငါ​စေ​လွှတ်​ခဲ့​သ​တည်း'' ဟု မိန့်​တော်​မူ​၏။

အို ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​တို့​၏​နိုင်ငံ​ကို​ကြီး​ပွား​တိုး​တက် စေ​တော်​မူ​ပါ​ပြီ။ ကြီး​ပွား​တိုး​တက်​စေ​တော်​မူ​ပါ​ပြီ။ ယင်း​၏​နယ်​ပယ်​တို့​လည်း​လေး​ဘက်​လေး​တန် ပို​မို​ကျယ်​ဝန်း​စေ​တော်​မူ​ပါ​ပြီ။ ဤ​သို့​ပြု​တော်​မူ​သ​ဖြင့်​ကိုယ်​တော်​ရှင်​တွင် ဂုဏ်​အ​သ​ရေ​ရှိ​ပါ​၏။

အ​ရှေ့​ပြည်​မှ​စစ်​နိုင်​ဘု​ရင်​ကို​အ​ဘယ်​သူ ခေါ်​ဆောင်​တော်​မူ​ခဲ့​ပါ​သ​နည်း။ ရောက်​ရှိ​လေ​ရာ​အ​ရပ်​တို့​တွင် သူ့​အား​အ​ဘယ်​သူ​သည်​အောင်​မြင်​ခွင့်​ကို ပေး​တော်​မူ​ပါ​သ​နည်း။ အ​ဘယ်​သူ​သည်​သူ့​အား​ဘု​ရင်​တ​ကာ​တို့ အ​ပေါ်​၌​လည်း​ကောင်း လူ​မျိုး​တ​ကာ​တို့​အ​ပေါ်​၌​လည်း​ကောင်း အောင်​ပွဲ​ကို​ခံ​စေ​တော်​မူ​ပါ​သ​နည်း။ သူ​၏​ဋ္ဌား​သည်​ရန်​သူ​တို့​အား​မြေ​မှုန့်​သ​ဖွယ် ခုတ်​ချ​တတ်​ပါ​သည်​တ​ကား။ သူ​၏​လေး​မြား​တို့​သည်​လည်း​ထို​သူ​တို့​ကို လေ​တိုက်​ရာ​တွင်​လွင့်​ပါ​သွား​သည့်​ဖွဲ​ကဲ့​သို့ ကွဲ​လွင့်​စေ​တတ်​ပါ​သည်​တ​ကား။

``ငါ​သည်​အ​ရှေ့​ပြည်​သား​တစ်​ဦး​ကို ရွေး​ချယ်​ထား​လေ​ပြီ။ သူ့​အား​ခေါ်​ဆောင်​ကာ​အ​ရှေ့​အ​ရပ်​မှ​နေ​၍ တိုက်​ခိုက်​စေ​မည်။ အိုး​ထိန်း​သည်​ရွှံ့​စေး​ကို​ခြေ​ဖြင့်​နင်း​ချေ သ​ကဲ့​သို့ သူ​သည်​ပြည်​ရှင်​မင်း​တို့​အား နင်း​ချေ​ပစ်​လိမ့်​မည်။

ချက်​ချင်း​ပင်​သံ၊ ရွှံ့​စေး​သ​ရွတ်၊ ကြေး​ဝါ၊ ငွေ​နှင့်​ရွှေ​တို့​သည်​ကြေ​မွ​၍​သွား​ပါ​၏။ ယင်း​တို့​သည်​နွေ​ရာ​သီ​ကောက်​နယ်​တ​လင်း က မြေ​မှုန့်​များ​သ​ဖွယ်​လေ​တိုက်​ရာ​သို့ လွင့်​ပါ​သွား​လေ​သည်။ အ​စ​အ​န​တစ်​စုံ တစ်​ရာ​မျှ​ပင်​မ​ကျန်​ခဲ့​ပါ။ သို့​ရာ​တွင် ကျောက်​ခဲ​ကြီး​မူ​ကား​ကမ္ဘာ​မြေ​တစ်​ပြင် လုံး​ကို​လွှမ်း​မိုး​သည့်​တောင်​ကြီး​ဖြစ်​လာ ပါ​၏။

ထို​အ​ခါ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အ​ဘယ်​မှာ​ရှိ​သ​နည်း'' ဟူ​၍​ပြောင် လှောင်​ကာ​မေး​မြန်း​ကြ​သော​ငါ​တို့​၏​ရန်​သူ များ​သည် ဤ​အ​မှု​ကို​မြင်​၍​အ​ရှက်​ကွဲ ကြ​လိမ့်​မည်။ သူ​တို့​သည်​အ​ရေး​ရှုံး​နိမ့် သ​ဖြင့်​လမ်း​ပေါ်​မှ​ရွှံ့​သ​ဖွယ်​နင်း​ချေ ခြင်း​ခံ​ရ​ကြ​သည်​ကို​ငါ​တို့​မြင်​ရ​လိမ့် မည်။

ယု​ဒ​ပြည်​သား​တို့​သည်​လမ်း​များ​ပေါ်​ရှိ ရွှံ့​နွံ​ထဲ​တွင် ရန်​သူ​များ​ကို​ကျော်​နင်း​ပစ် ကြ​သည့်​စစ်​သည်​တော်​များ​ကဲ့​သို့​အောင်​ပွဲ ခံ​ရကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့ နှင့်​အ​တူ​ရှိ​တော်​မူ​သ​ဖြင့် သူ​တို့​သည်​ရန် သူ​မြင်း​စီး​သူ​ရဲ​များ​ကို​ပင်​လျှင်​တိုက် ခိုက်​နှိမ်​နင်း​ကြ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​က​မိ​မိ​၏​လူ​မျိုး​တော် အား``ငါ​သည်​သင်​တို့​ကို​အ​ရပ်​တ​ကာ​သို့ ကွဲ​လွင့်​စေ​တော်​မူ​ခဲ့​၏။-

အ​နန္တ​တန်​ခိုး​နှင့်​ထာ​ဝရ​ဘု​ရား​က``မာန် မာ​န​ထောင်​လွှား​သူ​နှင့်​ယုတ်​မာ​သူ​အ​ပေါင်း တို့​သည် ကောက်​ရိုး​သ​ဖွယ်​မီး​ကျွမ်း​လောင် ကြ​မည့်​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ​လိမ့် မည်။ ထို​နေ့​ရက်​ကာ​လ​၌​သူ​တို့​သည်​မီး ကျွမ်း​လောင်​၍​သွား​ကာ အ​မြစ်​အ​ကိုင်း အ​စ​အ​န​မျှ​ပင်​ကျန်​ရှိ​ကြ​လိမ့်​မည် မ​ဟုတ်။-

အ​ချို့​သော​သူ​တို့​သည်​ဋ္ဌား​ဘေး​ဖြင့်​ကျ​ဆုံး ကြ​လိမ့်​မည်။ ကျန်​သူ​တို့​သည်​သုံ့​ပန်း​များ​အ​ဖြစ် ဖြင့် အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​သို့​ဖမ်း​သွား​ခြင်း​ခံ ရ​ကြ​လိမ့်​မည်။ လူ​မျိုး​ခြား​တို့​သည် မိ​မိ​တို့​ကြီး စိုး​သည့်​ခေတ်​မ​ကုန်​မ​ချင်း ယေ​ရု​ရှ​လင်​မြို့ ကို​ခြေ​ဖြင့်​နင်း​ကြ​လိမ့်​မည်။

ငါ​သည်​သူ​တို့​ကို​တစ်​ယောက်​မ​ကျန် သုတ်​သင်​ဖျက်​ဆီး​ပစ်​မည်​ဟု​အ​ကြံ​ရှိ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ