Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ 22:20

Common Language Bible

ကိုယ်​တော်​သည်​ငါ့​ကို​ဘေး​မှ​လွတ်​မြောက်​ရန် ကူ​မ​တော်​မူ​၏။ ငါ့​ကို​နှစ်​သက်​တော်​မူ​သ​ဖြင့်​ကယ်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

တစ်​ဖန်​ဣ​ဇာက်​သည်​ထို​အ​ရပ်​မှ​ပြောင်း​၍​အ​ခြား တစ်​နေ​ရာ​၌​ရေ​တွင်း​တစ်​တွင်း​တူး​ပြန်​လေ​သည်။ ထို​ရေ​တွင်း​နှင့်​ပတ်​သက်​၍​အ​ငြင်း​ပွား​မှု​မ​ရှိ သ​ဖြင့်``လွတ်​လပ်​ခြင်း'' ဟု​နာ​မည်​မှည့်​လေ​သည်။ ဣ​ဇာက်​က``ထာ​ဝ​ရ​ဘု​ရား​သည်​ဤ​ပြည်​၌​ငါ တို့​အား​လွတ်​လပ်​စွာ​နေ​ထိုင်​ခွင့်​ပေး​တော်​မူ​ပြီ ဖြစ်​၍​ငါ​တို့​စီး​ပွား​တိုး​တက်​မည်'' ဟု​ဆို​လေ​၏။

သို့​ရာ​တွင်​ငါ့​အား​နှစ်​သက်​တော်​မ​မူ​ပါ လျှင် ကိုယ်​တော်​အ​လို​တော်​ရှိ​သည့်​အ​တိုင်း ပြု​တော်​မူ​ပါ​စေ​သော'' ဟု​ဆို​၏။-

ကိုယ်​တော်​ရှင်​သည်​အ​ကျွန်ုပ်​အား​ရန်​သူ​ဖမ်း​ဆီး​ခြင်း မ​ခံ​ရ​အောင်​စီ​ရင်​တော်​မူ​ပါ​၏။ အ​ကျွန်ုပ်​သည်​အ​ဘယ်​အ​ခါ​၌​မျှ​အ​ရေး​ရှုံး​နိမ့် ခဲ့​သည်​မ​ရှိ​ပါ။

ယာ​ဗက်​သည်``အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး အား​ကောင်း​ချီး​ပေး​တော်​မူ​၍ မြေ​ယာ​အ​မြောက် အ​မြား​ကို​ပေး​သ​နား​တော်​မူ​ပါ။ ကျွန်​တော် မျိုး​နှင့်​အ​တူ​ရှိ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး အား​ဒုက္ခ​ဝေ​ဒ​နာ​ဖြစ်​စေ​မည့်​မ​ကောင်း​မှု မှန်​သ​မျှ​မှ​ကင်း​လွတ်​စေ​တော်​မူ​ပါ'' ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား ထံ​တော်​တွင်​ဆု​တောင်း​ပတ္ထ​နာ​ပြု​လေ​သော ကြောင့် ဘု​ရား​သ​ခင်​သည်​ယာ​ဗက်​တောင်း လျှောက်​သည့်​ဆု​များ​ကို​ပေး​သ​နား​တော် မူ​သ​တည်း။

ငါ​သည်​အ​လွန်​ဒုက္ခ​ရောက်​သ​ဖြင့်​ထာ​ဝ​ရ ဘု​ရား​အား ပတ္ထ​နာ​ပြု​ပါ​၏။ ကိုယ်​တော်​သည်​လည်း​ထူး​တော်​မူ​၍ ငါ့​ကို​လွတ်​မြောက်​စေ​တော်​မူ​၏။

သို့​ရာ​တွင်​မိ​မိ​အား​ကြောက်​ရွံ့​ရို​သေ​သူ​များ၊ ခိုင်​မြဲ​သော​မေတ္တာ​တော်​ကို​ကိုး​စား​သူ​များ ကို နှစ်​သက်​တော်​မူ​ပေ​သည်။

ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​စု​တော်​အား နှစ်​သက်​တော်​မူ​၏။ နိမ့်​ကျ​သူ​တို့​အား​အောင်​ပွဲ​ခံ​စေ​ခြင်း​အား​ဖြင့် ချီး​မြှင့်​တော်​မူ​၏။

သူ​တို့​က``သင်​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​အား​ကိုး ဘိ​၏။ ကိုယ်​တော်​သည်​သင့်​ကို​အ​ဘယ်​ကြောင့် မ​ကယ်​ပါ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​ကို နှစ်​သက်​မြတ်​နိုး​တော်​မူ​လျှင် အ​ဘယ်​ကြောင့်​သင့်​အား​ကယ်​မ​တော် မ​မူ ပါ​သ​နည်း'' ဟု​ဆို​ကြ​၏။

ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​ရန်​သူ များ​၏ လက်​တွင်း​သို့​ကျ​ရောက်​စေ​တော်​မ​မူ​ဘဲ လွတ်​လပ်​စွာ​သွား​လာ​နိုင်​ခွင့်​ကို​ပေး​တော်​မူ ပါ​ပြီ။

ကျွန်​တော်​မျိုး​သည်​ဒုက္ခ​ရောက်​လျက်​ရှိ​သ​ဖြင့် အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​အား​သ​နား​တော်​မူ​ပါ။ များ​စွာ​ငို​ကြွေး​ရ​သ​ဖြင့်​ကျွန်​တော်​မျိုး​၏ မျက်​စိ​များ​သည်​ကျိန်း​စပ်​လျက်​နေ​ပါ​၏။ ကျွန်​တော်​မျိုး​၏​အား​အင်​သည်​လည်း လုံး​ဝ​ကုန်​ခန်း​လျက်​နေ​ပါ​ပြီ။

ထာ​ဝ​ရ​ဘု​ရား​က ``ဤ​သူ​သည်​ခွန်​အား​နှင့်​ငါ​ပြည့်​ဝ​စေ​သော​သူ၊ ငါ​၏​အ​စေ​ခံ၊ငါ​နှစ်​သက်​မြတ်​နိုး​၍ ရွေး​ချယ်​ထား​သူ​ဖြစ်​၏။ ငါ​သည်​မိ​မိ​၏​တန်​ခိုး​တော်​ကို​သူ့​အား အပ်​နှင်း​တော်​မူ​ပြီ။ သူ​သည်​လည်း​လူ​မျိုး​တ​ကာ​တို့​ကို တ​ရား​မျှ​တ​စွာ​စီ​ရင်​အုပ်​ချုပ်​လိမ့်​မည်။

ဣ​သ​ရေ​လ​ပြည်​သား​တို့​သည်​ထိန်း ကျောင်း​ရ​ခက်​သော​နွား​မ​တမ်း​ကဲ့​သို့​ပေ ကပ်​ကပ်​နိုင်​လှ​၏။ ငါ​သည်​သူ​တို့​အား သိုး​က​လေး​များ​သ​ဖွယ်​စား​ကျက်​တွင် မည်​ကဲ့​သို့​ထိန်း​ကျောင်း​နိုင်​ပါ​အံ့​နည်း။-

ဤ​သို့​ပေ​တ​ရု​လျှောက်​ထား​စဉ်​ပင်​တောက်​ပ​သော မိုး​တိမ်​တိုက်​တစ်​ခု​၏​အ​ရိပ်​သည်​သူ​တို့​အ​ပေါ် သို့​ကျ​လာ​၏။ မိုး​တိမ်​တိုက်​ထဲ​မှ ``ဤ​သူ​ကား ငါ​နှစ်​သက်​မြတ်​နိုး​ရာ​ငါ​၏​ချစ်​သား​ပေ​တည်း။ သူ့​ကို​ငါ​နှစ်​သက်​မြတ်​နိုး​၏။ သူ​၏​စ​ကား​ကို နား​ထောင်​ကြ​လော့'' ဟု​အ​သံ​တော်​ထွက်​ပေါ် လာ​၏။

သူ​သည်​ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​ကိုး​စား​၏။ `ငါ သည်​ဘု​ရား​သ​ခင်​၏​သား​တော်​ဖြစ်​သည်' ဟု​ဆို​၏။ သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​သူ့​ကို​အ​လို​တော် ရှိ​လျှင် ယ​ခု​ပင်​ကယ်​တင်​တော်​မူ​ပါ​စေ'' ဟု​ဆို ကြ​၏။

ထို​နောက် ``ဤ​သူ​ကား​ငါ​၏​ချစ်​သား​ဖြစ်​၏။ သူ့​ကို​ငါ​နှစ်​သက်​မြတ်​နိုး​၏'' ဟု​ကောင်း​ကင်​မှ အ​သံ​တော်​ပေါ်​ထွက်​လာ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ