Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ 22:18

Common Language Bible

ကိုယ်​တော်​သည်​တန်​ခိုး​ကြီး​သော​ရန်​သူ ငါ့​ကို​မုန်း​သော​သူ​အ​ပေါင်း​တို့​၏​လက်​မှ ငါ့​ကို​ကယ်​တော်​မူ​၏။ သူ​တို့​သည်​ငါ​ပြိုင်​၍​မ​ရ​နိုင်​အောင်​ခွန်​အား ကြီး​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ရှော​လု​နှင့်​အ​ခြား​ရန်​သူ​တို့​၏​လက်​မှ​ထာ​ဝ​ရ ဘု​ရား​ကယ်​တော်​မူ​ခြင်း​ကို​ခံ​ရ​ပြီး​သည့် အ​ခါ​၌ ဒါ​ဝိဒ်​သည်​အောက်​ပါ​သီ​ချင်း​ကို ဖွဲ့​ဆို​၏။

ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင်​ဘုံ​မှ​လက်​တော်​ကို ဆန့်​တော်​မူ​၍​ငါ့​ကို​ကိုင်​တော်​မူ​၏။ ရေ​နက်​ကြီး​ထဲ​မှ​ငါ့​ကို​ဆယ်​တင်​တော်​မူ​၏။

ငါ​သည်​ဒုက္ခ​ရောက်​သော​အ​ခါ​သူ​တို့​သည် ငါ့​ကို​တိုက်​ခိုက်​ကြ​၏။ သို့​သော်​လည်း​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​၏။

အို ထာ​ဝ​ရ​ဘု​ရား၊ ကြွ​လာ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်၊​ကျွန်​တော်​မျိုး​အား ကယ်​တော်​မူ​ပါ။ ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​၏​ရန်​သူ​အ​ပေါင်း​တို့​၏ ပါး​ရိုး​ကို​ရိုက်​၍​သူ​တို့​၏​သွား​ကို​ချိုး​တော်​မူ​၏။

``ကိုယ်​တော်​နှင့်​အ​ဘယ်​သူ​တူ​ပါ​သ​နည်း။ အ​ဘယ်​သူ​သည်​ကိုယ်​တော်​ကဲ့​သို့​အား​နွဲ့ သူ​ကို အား​ကြီး​သူ​၏​ဘေး​မှ​လည်း​ကောင်း၊ ဆင်း​ရဲ​နွမ်း​ပါး​သူ​ကို​ဖိ​စီး​နှိပ်​စက်​တတ်​သူ​၏ ဘေး​မှ​လည်း​ကောင်း ကွယ်​ကာ​စောင့်​ရှောက်​ပါ​သ​နည်း'' ဟု ထာ​ဝ​ရ​ဘု​ရား​အား​ခံ​စား​ချက်​အ​ပြည့် အ​ဝ​ဖြင့် ငါ​လျှောက်​ထား​မည်။

ကိုယ်​တော်​ရှင်​အား​ကျွန်​တော်​မျိုး တောင်း​လျှောက်​သော​နေ့​၌​ရန်​သူ​တို့​သည် တပ်​လန်​ကြ​ပါ​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည်​ငါ​၏​ဘက်​တွင်​ရှိ​တော်​မူ ကြောင်း​ကို ငါ​သိ​၏။

သင်​တို့​သည်​ငါ​တို့​အ​တွက်​ဆု​တောင်း​ပတ္ထ နာ​ပြု​ခြင်း​အား​ဖြင့်​ကူ​ညီ​ကြ​သည်​နှင့် အ​ညီ ကိုယ်​တော်​သည်​ဤ​သို့​ကြောက်​မက် ဖွယ်​ကောင်း​သော​သေ​ဘေး​မှ​ငါ​တို့​အား ကယ်​တင်​တော်​မူ​၏။ နောင်​အ​ခါ​၌​လည်း ကယ်​တင်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည် ငါ​တို့​အား​တစ်​ဖန်​ကယ်​တင်​တော်​မူ​ဦး မည်​ဟု​ငါ​တို့​ယုံ​ကြည်​မျှော်​လင့်​ကြ​၏။ သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​သင်​တို့ တောင်း​လျှောက်​သည့်​ဆု​တောင်း​ပတ္ထနာ​များ ကို​နား​ညောင်း​တော်​မူ​၍ ငါ​တို့​အား​ကောင်း ချီး​ပေး​တော်​မူ​လိမ့်​မည်။ လူ​အ​မြောက် အ​မြား​ပင်​လျှင်​ငါ​တို့​အ​တွက်​ကျေး​ဇူး တော်​ကို​ချီး​မွမ်း​ကြ​လိမ့်​မည်။

သ​ခင်​ဘု​ရား​သည်​ငါ​နှင့်​အ​တူ​ရှိ​တော်​မူ​၍​ငါ့​ကို ခွန်​အား​ပေး​တော်​မူ​သ​ဖြင့် ငါ​သည်​လူ​မျိုး​ခြား အ​ပေါင်း​တို့​အား​တ​ရား​တော်​ကို​အ​ကုန်​အ​စင် ဟော​ပြော​နိုင်​၏။ ကိုယ်​တော်​ကယ်​တော်​မူ​သ​ဖြင့် ငါ​သည်​သေ​ဒဏ်​ခံ​ရ​ခြင်း​မှ​ကင်း​လွတ်​ခွင့်​ကို လည်း​ရ​ရှိ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ