၂ ရာ 22:1Common Language Bibleရှောလုနှင့်အခြားရန်သူတို့၏လက်မှထာဝရ ဘုရားကယ်တော်မူခြင်းကိုခံရပြီးသည့် အခါ၌ ဒါဝိဒ်သည်အောက်ပါသီချင်းကို ဖွဲ့ဆို၏။ အခန်းကိုကြည့်ပါ။ |
ထိုနောက်မောရှေနှင့်ဣသရေလအမျိုး သားတို့က ထာဝရဘုရားအားအောက်ပါ ထောမနာပြုသီချင်းကိုဆိုကြသည်။ ``ထာဝရဘုရားသည်အောင်ပွဲကြီးခံရ ပြီဖြစ်၍ ကိုယ်တော်၏ဂုဏ်တော်ကိုထောမနာပြု ပါမည်။ ကိုယ်တော်သည်မြင်းများနှင့်မြင်းစီးသူရဲတို့ကို ပင်လယ်ထဲ၌နစ်မြုပ်စေတော်မူပြီ။
သင်တို့သည်ငါတို့အတွက်ဆုတောင်းပတ္ထ နာပြုခြင်းအားဖြင့်ကူညီကြသည်နှင့် အညီ ကိုယ်တော်သည်ဤသို့ကြောက်မက် ဖွယ်ကောင်းသောသေဘေးမှငါတို့အား ကယ်တင်တော်မူ၏။ နောင်အခါ၌လည်း ကယ်တင်တော်မူလိမ့်မည်။ ကိုယ်တော်သည် ငါတို့အားတစ်ဖန်ကယ်တင်တော်မူဦး မည်ဟုငါတို့ယုံကြည်မျှော်လင့်ကြ၏။ သို့ဖြစ်၍ဘုရားသခင်သည်သင်တို့ တောင်းလျှောက်သည့်ဆုတောင်းပတ္ထနာများ ကိုနားညောင်းတော်မူ၍ ငါတို့အားကောင်း ချီးပေးတော်မူလိမ့်မည်။ လူအမြောက် အမြားပင်လျှင်ငါတို့အတွက်ကျေးဇူး တော်ကိုချီးမွမ်းကြလိမ့်မည်။
အကယ်၍တစ်စုံတစ်ယောက်သောသူသည် အရှင့်အားတိုက်ခိုက်သတ်ဖြတ်ရန်ကြိုးစား ပါမူ လူသည်အဖိုးထိုက်သည့်ရတနာကို လုံခြုံစွာသိမ်းဆည်းထားတတ်သကဲ့သို့ ထာဝရဘုရားသည်အရှင်၏အသက်ကို လည်းဘေးမဲ့လုံခြုံစွာထားတော်မူပါလိမ့် မည်။ အရှင်၏ရန်သူတို့ကိုမူကား လူသည် ကျောက်ခဲကိုလောက်လွှဲဖြင့်ပစ်ထုတ်သကဲ့ သို့ကိုယ်တော်ပစ်ထုတ်တော်မူပါလိမ့်မည်။-