၂ ရာ 21:7Common Language Bibleဒါဝိဒ်သည်ဘုရားသခင်၏ရှေ့တော်တွင် ယော နသန်နှင့်မိမိပြုခဲ့သည့်သစ္စာကတိကို ထောက်၍ ယောနသန်၏သား၊ ရှောလု၏မြေး မေဖိဗောရှက်၏အသက်ကိုချမ်းသာ ပေး၍၊- အခန်းကိုကြည့်ပါ။ |
ရှောလု၏သားယောနသန်တွင်မေဖိဗောရှက် ဟုနာမည်တွင်သောသားတစ်ယောက်ကျန်ရစ်၏။ အသက်ငါးနှစ်ရှိသောသားငယ်ကိုအထိန်း တော်သည်ယေဇရေလမြို့မှ ရှောလုနှင့်ယော နသန်တို့အသတ်ခံရကြောင်းသတင်းကို ကြားလျှင်သူ့အားချီပွေ့၍ထွက်ပြေးလေ သည်။ သို့ရာတွင်အလျင်အမြန်ပြေးရသည့် အတွက်ကလေးသည်အထိန်းတော်၏လက် မှလွတ်ကျသဖြင့်ခြေဆွံ့လေ၏။
သင်နှင့်တကွသင်၏သားသင်၏အစေခံတို့ သည် သင့်သခင်ရှောလု၏အိမ်ထောင်စုအတွက် ထိုမြေယာများကိုထွန်ယက်စိုက်ပျိုး၍ အသီး အနှံများကိုယူဆောင်ကာသူတို့အဖို့ရိက္ခာ အဖြစ်ဖြင့်ပေးသွင်းရမည်။ သို့ရာတွင်မေဖိ ဗောရှက်မူကားငါ၏စားပွဲတွင်ငါနှင့်အတူ စားသောက်ရမည်'' ဟုမိန့်တော်မူ၏။ (ဇိဘ တွင်သားတစ်ဆယ့်ငါးယောက်နှင့်အစေခံ နှစ်ဆယ်ရှိသတည်း။)
ထိုနောက်ယောနသန်သည်ဒါဝိဒ်အား``ဣသ ရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ကျွန်ုပ်ကတိပြု ပါ၏။ ကျွန်ုပ်သည်နက်ဖြန်ခါနှင့်သန်ဘက်ခါ ဤအချိန်တွင်ခမည်းတော်အားစုံစမ်းမေး မြန်းပါမည်။ သင့်အပေါ်တွင်သူ၏စိတ်နေ စိတ်ထားကောင်းမွန်ပါက သင့်ထံသို့ အကြောင်းကြားပါမည်။-
ထိုအခါယောနသန်က``ဘုရားသခင်သည် သင်နှင့်အတူရှိတော်မူပါစေသော။ ငါတို့ နှစ်ယောက်သည်လည်းကောင်း၊ ငါတို့သားမြေး များသည်လည်းကောင်းငါတို့တစ်ယောက်ကို တစ်ယောက်ပြုခဲ့သည့်ကတိသစ္စာကို ထာဝစဉ် မပျက်မကွက်စောင့်ထိန်းနိုင်ကြစေရန် ထာဝရဘုရားမုချကူမတော်မူပါ လိမ့်မည်'' ဟုဆို၏။ ထိုနောက်ဒါဝိဒ်ထွက်ခွာ သွား၏။ ယောနသန်သည်လည်းမြို့ထဲသို့ ပြန်လေ၏။