Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ 21:3

Common Language Bible

ထို့​ကြောင့်​ဒါ​ဝိဒ်​သည်​ဂိ​ဗောင်​မြို့​မှ​လူ​တို့ ကို​ခေါ်​၍``ငါ​သည်​သင်​တို့​အ​ဖို့​အ​ဘယ် အ​မှု​ကို​ပြု​ရ​ပါ​မည်​နည်း။ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​အား​ကောင်း ချီး​ပေး​ကြ​စေ​ရန် ငါ​သည်​သင်​တို့​ခံ​ခဲ့​ရ သည့်​မ​တ​ရား​မှု​အ​တွက်​တစ်​ခု​ခု​ပြု လုပ်​ပေး​လို​ပါ​သည်'' ဟု​မိန့်​တော်​မူ​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ကျွန်​မ​တို့​၏​မြို့​သည်​ကြီး​မြတ်​သည့်​မြို့၊ ဣ​သ​ရေ​လ​ပြည်​တွင်​ငြိမ်း​ချမ်း​မှု​ကို​အ​လို လား​ဆုံး၊ သစ္စာ​အ​ရှိ​ဆုံး​မြို့​တစ်​မြို့​ဖြစ်​ပါ​၏။ အ​ရှင်​သည်​ဤ​မြို့​ကို​ဖျက်​ဆီး​ရန်​အ​ဘယ် ကြောင့်​ကြိုး​စား​နေ​ပါ​သ​နည်း။ ဘု​ရား​သ​ခင် ပိုင်​တော်​မူ​သော​အ​ရာ​ကို​အ​ရှင်​ပျက်​စီး​စေ လို​တော်​မူ​ပါ​သ​လော'' ဟု​မေး​၏။

နောက်​တစ်​နေ့​တွင်​မော​ရှေ​က ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား``သင်​တို့​သည်​ကြီး​လေး သော​ပြစ်​မှု​ကူး​လွန်​ခဲ့​ကြ​ပြီ။ ယ​ခု​ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ရှိ​တော်​မူ​ရာ​တောင်​ပေါ်​သို့ တက်​မည်။ သင်​တို့​၏​အ​ပြစ်​ကို​လွှတ်​ရန် ထာ​ဝ​ရ ဘု​ရား​အား​တောင်း​ပန်​၍​ရ​ကောင်း​ရ​လိမ့်​မည်'' ဟု​ဆို​လေ​၏။-

သူ​သည်​နွား​၏​ဦး​ခေါင်း​ပေါ်​တွင် မိ​မိ​လက်​ကို တင်​သ​ဖြင့် နွား​ကို​သူ​၏​အ​ပြစ်​ဖြေ​ရာ​ယဇ် အ​ဖြစ်​ထာ​ဝ​ရ​ဘု​ရား​လက်​ခံ​တော်​မူ​မည်။-

ထို​အ​ခိုက်​တွင်​လေ​မုန်​တိုင်း​သည်​ပြင်း​ထန်​သည်​ထက်​ပို​မို​ပြင်း​ထန်​၍​လာ​၏။ သို့​ဖြစ်​၍​သင်္ဘော​သား​တို့​က``လေ​မုန်​တိုင်း​ရပ်​စဲ​သွား​စေ​ရန်​ငါ​တို့​သည် သင့်​အား​အ​ဘယ်​သို့​ပြု​သင့်​ပါ​သ​နည်း'' ဟု​ယော​န​အား​မေး​ကြ​၏။

ပ​ညတ်​တ​ရား​အ​ရ​အ​ရာ​ခပ်​သိမ်း​လို​လို​ပင် သွေး​အား​ဖြင့်​သန့်​စင်​မှု​ကို​ရ​ရှိ​ကြ​၏။ သွေး သွန်း​မှု​ရှိ​မှ​သာ​အ​ပြစ်​ပြေ​နိုင်​၏။

လူ​အ​ချင်း​ချင်း​ပြစ်​မှား​သူ​တို့​ကို​ထာ​ဝ​ရ ဘု​ရား​သည်​ကာ​ကွယ်​စောင့်​ရှောက်​နိုင်​သော်​လည်း ထာ​ဝ​ရ​ဘု​ရား​အား​ပြစ်​မှား​သော​သူ​ကို​မူ ကား​အ​ဘယ်​သူ​ကာ​ကွယ်​စောင့်​ရှောက်​နိုင်​ပါ မည်​နည်း'' ဟု​သား​တို့​အား​ပြော​၏။ သို့​ရာ​တွင်​သူ​တို့​သည်​ဖ​ခင်​၏​စ​ကား​ကို နား​မ​ထောင်​ကြ။ အ​ဘယ်​ကြောင့်​ဆို​သော် ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​အား​ကွပ်​မျက် ရန်​ဆုံး​ဖြတ်​ထား​ပြီး​ဖြစ်​သော​ကြောင့်​တည်း။

အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​လျှောက်​ထား​သည်​ကို နား​ညောင်း​တော်​မူ​ပါ။ အ​ရှင့်​အား​အ​ကျွန်ုပ်​နှင့် ရန်​သူ​ဖြစ်​အောင်​ပြု​သူ​သည် ထာ​ဝ​ရ​ဘု​ရား ဖြစ်​ခဲ့​သော်​အ​မျက်​တော်​ပြေ​စေ​ရန်​ပူ​ဇော် သ​ကာ​ကို​ဆက်​သ​နိုင်​ပါ​သည်။ အ​ကယ်​၍ ယင်း​သို့​ရန်​သူ​ဖြစ်​အောင်​ပြု​သော​သူ​တို့​မှာ လူ​သား​များ​ဖြစ်​ပါ​မူ သူ​တို့​သည်​ထာ​ဝ​ရ ဘု​ရား​၏​ကျိန်​စာ​သင့်​ကြ​ပါ​စေ​သ​တည်း။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ထာ​ဝ​ရ ဘု​ရား​ပေး​တော်​မူ​သော​နယ်​မြေ​မှ လူ​မျိုး ခြား​တို့​၏​ဘု​ရား​များ​ကို​သာ​ကိုး​ကွယ် နိုင်​သော​နယ်​မြေ​သို့​အ​ကျွန်ုပ်​အား​သူ​တို့ နှင်​ထုတ်​ကြ​ပါ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ