၂ ရာ 20:6Common Language Bibleထို့ကြောင့်မင်းကြီးသည်အဘိရှဲအား``ရှေဘ သည်အဗရှလုံထက်ပင်ပို၍ငါတို့အား ဒုက္ခပေးလိမ့်မည်။ ငါ၏လူတို့ကိုခေါ်၍သူ့ နောက်သို့လိုက်လော့။ သို့မဟုတ်လျှင်သူသည် မြို့ရိုးအခိုင်အမာရှိသည့်မြို့များကိုသိမ်း ယူကာငါတို့လက်မှလွတ်မြောက်သွားလိမ့် မည်'' ဟုမိန့်တော်မူ၏။- အခန်းကိုကြည့်ပါ။ |
ဥရိယက``ဣသရေလပြည်သားနှင့်ယုဒ ပြည်သားတို့သည် ရပ်ဝေးတွင်စစ်တိုက်လျက် ရှိနေကြပါသည်။ ပဋိညာဉ်သေတ္တာတော်သည် လည်းသူတို့နှင့်အတူရှိပါ၏။ အကျွန်ုပ်၏ ဗိုလ်ချုပ်ယွာဘနှင့်တပ်မှူးများသည်လည်း ကွင်းပြင်ထဲတွင်တပ်စခန်းချလျက်နေရ ကြပါ၏။ အဘယ်သို့လျှင်အကျွန်ုပ်သည် အိမ်သို့ပြန်၍စားသောက်ကာမယားနှင့် ပျော်မွေ့နိုင်ပါမည်နည်း။ အကျွန်ုပ်သည် ထိုသို့မပြုနိုင်ကြောင်းကျိန်ဆိုပါ၏'' ဟုလျှောက်၏။
သို့ရာတွင် ထိုသူက``အကယ်၍အရှင်သည် အကျွန်ုပ်အားငွေဒင်္ဂါးတစ်ရာပင်ပေးသော် လည်း အကျွန်ုပ်သည်ဘုရင့်သားတော်ကို လက်ဖျားနှင့်မျှတို့မည်မဟုတ်ပါ။ မင်း ကြီးကအရှင့်အားလည်းကောင်း၊ အဘိရှဲ နှင့်အိတ္တဲအားလည်းကောင်း`ငါ့မျက်နှာကို ထောက်၍လူငယ်အဗရှလုံကိုဘေး အန္တရာယ်မပြုပါနှင့်'' ဟုမှာကြားတော် မူသည်ကိုအကျွန်ုပ်တို့အားလုံးကြား ကြပါ၏။-
ထိုနောက်သူသည်ထိုတပ်တို့ကိုသုံးစုခွဲ ၍စေလွှတ်တော်မူ၏။ တစ်စုကိုယွာဘအား လည်းကောင်း၊ တစ်စုကိုယွာဘ၏ညီအဘိရှဲ အားလည်းကောင်း၊ အခြားတစ်စုကိုဂါသ မြို့သားအိတ္တဲအားလည်းကောင်းဦးစီးစေ တော်မူ၏။ ထိုနောက်မင်းကြီးသည်မိမိ၏ လူတို့အား``ငါကိုယ်တိုင်သင်တို့နှင့်အတူ ချီတက်မည်'' ဟုမိန့်တော်မူ၏။
ယခုအရှင်ကြွတော်မူ၍အရှင်၏လူတို့ အားမေတ္တာစကားကိုမိန့်တော်မူပါ။ ထိုသို့ အရှင်ပြုတော်မမူပါလျှင်နက်ဖြန်နံနက် ၌ထိုသူတို့အနက်တစ်ဦးတစ်ယောက်မျှ အရှင်နှင့်အတူရှိနေတော့မည်မဟုတ် သဖြင့် အရှင့်တစ်သက်တွင်အဆိုးရွား ဆုံးသောဘေးအန္တရာယ်နှင့်တွေ့ကြုံရမည် ဖြစ်ကြောင်းကို အကျွန်ုပ်သည်ထာဝရ ဘုရား၏နာမတော်ကိုတိုင်တည်၍ကျိန် ဆိုပါ၏'' ဟုလျှောက်လေ၏။-
ဘုရားသခင်၏လူမျိုးတော်က``ငါတို့သည် အဘယ်ကြောင့်မလှုပ်မယှက်ထိုင်နေကြပါ သနည်း။ လာကြ၊ ခံတပ်မြို့များသို့ပြေး၍ ငါတို့သေကြကုန်အံ့။ ငါတို့ဘုရားသခင် ထာဝရဘုရားသည် ငါတို့အားသေဒဏ် စီရင်တော်မူပြီ။ ငါတို့သည်ကိုယ်တော်ကို ပြစ်မှားသည်ဖြစ်၍ ကိုယ်တော်သည်ငါတို့ သောက်ရန်အဆိပ်ပါသောရေကိုတိုက်တော် မူပြီ။-