မင်းကြီးသည်အာမသအား``သင်သည်ယုဒ ပြည်သူတို့အားခေါ်ယူစုရုံးစေပြီးလျှင် သန် ဘက်ခါထိုသူတို့နှင့်အတူဤအရပ်သို့ပြန် လာရမည်'' ဟုမိန့်တော်မူ၏။-
(အဗရှလုံသည်အာမသအားယွာဘ၏ နေရာတွင်တပ်မတော်ဗိုလ်ချုပ်အဖြစ်ခန့် ထား၏။ အာမသကားဣရှမေလအမျိုး သားယေသာ၏သားဖြစ်၏။ သူ၏မိခင်မှာ နာဟတ်၏သမီး၊ ယွာဘ၏မိခင်ဇေရုယာ ၏ညီမအဘိဂဲလဖြစ်သတည်း။-)
ထို့ပြင်အာမသအား``သင်သည်ငါ၏ဆွေမျိုး ဖြစ်၏။ ယခုအချိန်မှစ၍သင့်အားယွာဘ ၏နေရာတွင်တပ်မတော်ဗိုလ်ချုပ်အဖြစ်ငါ ခန့်ထားပြီ။ ယင်းသို့ငါမပြုပါမူဘုရားသခင်သည်ငါ့အားအဆုံးစီရင်တော်မူပါ စေသော'' ဟုပြောကြားရန်လည်းမှာတော်မူ လိုက်၏။-
ဒါဝိဒ်၏စကားကြောင့်ယုဒပြည်သူပြည် သားအပေါင်းတို့၏စိတ်ကိုညွှတ်စေသဖြင့် သူတို့က``မင်းကြီးနှင့်မှူးမတ်အပေါင်းတို့ ပြန်ကြွတော်မူပါ'' ဟုလျှောက်စေကြ၏။
သူ၏အခြားသမီးအဘိဂဲလသည် ဣရှမေလ မှဆင်းသက်လာသူယေသာနှင့်အိမ်ထောင်ပြု၏။ သူတို့မှာအာမသနာမည်တွင်သောသားတစ် ယောက်ရှိ၏။