၂ ရာ 20:1Common Language Bibleဂိလဂါလမြို့တွင်ဗိခရိ၏သား၊ ဗင်္ယာမိန် အနွယ်ဝင်၊ ရှေဘဆိုသူလူဆိုးလူသွမ်း တစ်ယောက်ရှိ၏။ သူသည်တံပိုးခရာမှုတ်ပြီး လျှင်``ဒါဝိဒ်ကိုအလိုမရှိ။ ငါတို့သူ့နောက် သို့မလိုက်လို။ ဣသရေလပြည်သူတို့ငါတို့ သည်အိမ်သို့ပြန်ကြကုန်အံ့'' ဟုဟစ်အော် ကြွေးကြော်၏။- အခန်းကိုကြည့်ပါ။ |
ထိုနောက်ဒါဝိဒ်သည်အဘိရှဲနှင့်မှူးမတ် အပေါင်းတို့အား``ငါ၏သားရင်းကပင်လျှင် ငါ့ကိုသေကြောင်းကြံလျက်နေသည်ဖြစ်ရာ ဤဗင်္ယာမိန်အနွယ်ဝင်ပြုသည့်အမှုမှာ အံ့သြလောက်ပါသလော။ သူပြုလိုရာ ပြုပါစေ။ ကျိန်ဆဲပါလေစေ။ ထာဝရ ဘုရားစေခိုင်းတော်မူသဖြင့်သူသည် ဤသို့ပြုလုပ်ရခြင်းဖြစ်၏။-
မြို့သူမြို့သားများထံသွား၍အကြံပေး၏။ သူတို့သည်ရှေဘ၏ဦးခေါင်းကိုဖြတ်ပြီး လျှင် တံတိုင်းကိုကျော်၍ယွာဘထံသို့ပစ် ပေးကြ၏။ ယွာဘသည်တံပိုးခရာမှုတ် လိုက်သောအခါသူ၏လူအပေါင်းတို့သည် ထိုမြို့မှထွက်ခွာကာမိမိတို့နေရပ်သို့ ပြန်ကြကုန်၏။ ယွာဘသည်လည်းယေရု ရှလင်မြို့ဘုရင့်ထံတော်သို့ပြန်လေ၏။
မိမိတို့၏ပန်ကြားချက်ကို မင်းကြီးနားထောင် တော့မည်မဟုတ်ကြောင်းသိရှိကြသောအခါ လူ တို့က``ဒါဝိဒ်၌ငါတို့လူမျိုးတော်မရှိ။ ယေရှဲ ၏သား၌ငါတို့အမွေမရှိ။ အို ဣသရေလပြည် သူတို့၊ ငါတို့နေရပ်သို့ပြန်ကြကုန်အံ့။ အို ဒါဝိဒ်၊ သင်၏အိမ်ကိုပြန်ကြည့်လော့'' ဟုဟစ်အော်ကြ ကုန်၏။ သို့ဖြစ်၍ဣသရေလပြည်သူတို့သည်ပုန်ကန် ကြ၏။-
မိမိတို့၏စကားကို နားထောင်တော့မည်မ ဟုတ်ကြောင်းသိရှိကြသောအခါ လူတို့ သည်``ဒါဝိဒ်နှင့်သူ၏အိမ်ထောင်စုသားထံ မှငါတို့ဝေပုံမရ။ ယေရှဲ၏သား၌ငါတို့ အမွေမခံရ။ အို ဣသရေလပြည်သူတို့၊ ငါတို့နေရပ်သို့ပြန်ကြကုန်အံ့။ ရောဗောင် သည်မိမိအိမ်ထောင်ကိုကြည့်ရှုပါစေ'' ဟုဟစ်အော်ကြကုန်၏။ သို့ဖြစ်၍ဣသရေလပြည်သူတို့ပုန်ကန်ကြ သဖြင့်၊-
သို့ရာတွင်ဒါဝိဒ်နှင့်အတူလိုက်ပါသွားသူများ အနက် စိတ်သဘောထားသေးသိမ်ယုတ်မာသောလူ အချို့တို့က``ထိုသူတို့သည်ငါတို့နှင့်အတူမလိုက် ခဲ့ကြသဖြင့် သူတို့အားတိုက်ရာပါပစ္စည်းကိုမျှ မပေးနိုင်ပါ။ သူတို့သည်မိမိတို့ဇနီးသားသမီး များကိုခေါ်၍ထွက်ခွာသွားနိုင်ပါသည်'' ဟုဆို ကြ၏။