Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ 2:8

Common Language Bible

ရှော​လု​၏​တပ်​မ​တော်​ဗိုလ်​ချုပ်၊ နေ​ရ​၏​သား အာ​ဗ​နာ​သည်​ရှော​လု​၏​သား​တော်​ဣ​ရှ​ဗော ရှက်​နှင့်​အ​တူ ယော်​ဒန်​မြစ်​ကို​ဖြတ်​၍​မ​ဟာ နိမ်​မြို့​သို့​ထွက်​ပြေး​သွား​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ကောင်း​ကင်​တ​မန်​တို့​ကို​မြင်​လျှင်​ယာ​ကုပ် က``ဤ​အ​ရပ်​ကား​ဘု​ရား​သ​ခင်​၏​တပ်​တော် ဖြစ်​သည်'' ဟု​ဆို​၍​၎င်း​ကို​မ​ဟာ​နိမ်​ဟု​မှည့် ခေါ်​လေ​သည်။

ယာ​ကုပ်​သည်​ဧ​ဒုံ​ပြည်​တွင်​ရှိ​သော​သူ​၏​အစ် ကို​ဧ​သော​ထံ​သို့ စေ​တ​မန်​များ​ကို​ရှေ့​ပြေး အ​ဖြစ်​စေ​လွှတ်​လေ​၏။-

အ​ဗ​ရှ​လုံ​နှင့် ဣသ​ရေ​လ​အ​မျိုး​သား​တို့ သည်​ယော်​ဒန်​မြစ်​တစ်​ဘက်​ကမ်း​သို့​ကူး​မိ ကြ​သော​အ​ခါ ဒါ​ဝိဒ်​သည်​မ​ဟာ​နိမ်​မြို့ သို့​ရောက်​ရှိ​နေ​လေ​ပြီ။-

အာ​ဗ​နာ​နှင့်​သူ​၏​လူ​တို့​သည်​တစ်​ည​လုံး ယော်​ဒန်​ချိုင့်​ဝှမ်း​ကို​ဖြတ်​၍​သွား​ကြ​၏။ သူ​တို့ သည်​ယော်​ဒန်​မြစ်​ကို​ကူး​၍ နောက်​တစ်​နေ့​တစ် မ​နက်​လုံး​ခ​ရီး​ပြု​ကြ​ပြီး​နောက်​မ​ဟာ​နိမ် မြို့​သို့​ရောက်​ကြ​၏။

သင်​တို့​သည်​အား​မာန်​တင်း​၍​ရဲ​စွမ်း​သတ္တိ​ရှိ​ကြ လော့။ သင်​တို့​ဘု​ရင်​ရှော​လု​သည်​ကွယ်​လွန်​သွား ပြီ​ဖြစ်​၍ ယု​ဒ​ပြည်​သား​တို့​က​ငါ့​အား​သူ တို့​၏​ဘု​ရင်​အ​ဖြစ်​ဘိ​သိက်​ပေး​ကြ​လေ​ပြီ'' ဟု​အ​မှာ​စာ​ရေး​သား​ပေး​ပို့​လိုက်​၏။

မင်း​ကြီး​က​မိ​မိ​၏​အ​ရာ​ရှိ​တို့​အား``ယ​နေ့ သည်​ဣ​သ​ရေ​လ​ခေါင်း​ဆောင်​ကြီး​တစ်​ဦး ကွယ်​လွန်​သည့်​နေ့​ဖြစ်​ကြောင်း​သင်​တို့​မ​သိ ကြ​ပါ​သ​လော။-

ရှော​လု​မင်း​ဆက်​ကို​ထောက်​ခံ​သူ​များ​နှင့်​ဒါ​ဝိဒ် ကို​ထောက်​ခံ​သူ​များ​ဆက်​လက်​၍ စစ်​ဖြစ်​နေ​သည့် ကာ​လ​ကြာ​လာ​သည်​နှင့်​အ​မျှ​အာ​ဗ​နာ​သည် ရှော​လု​၏​ဆွေ​တော်​မျိုး​တော်​တို့​အ​ပေါ်​တွင် ပို​၍​ပို​၍​တန်​ခိုး​အာ​ဏာ​လွှမ်း​မိုး​လာ​လေ သည်။

နေ​ရ၏သား​သည်​ကိ​ရှ၊ ကိ​ရှ​၏သား​မှာ ရှော​လု​ဖြစ်​၏။ ရှော​လု​တွင်​ယော​န​သန်၊ မေ​လ​ခိ​ရွှ၊ အ​ဘိ​နာ​ဒပ်၊ ဣ​ရှ​ဗာ​လ​ဟူ​၍ သား​လေး​ယောက်​ရှိ​၏။-

နေ​ရ​၏​သား​သည်​ကိ​ရှ၊ ကိ​ရှ​၏​သား​သည် ရှော​လု​ဖြစ်​၏။ ရှော​လု​တွင်​ယော​န​သန်၊ မေ​လ ခိ​ရွှ၊ အ​ဘိ​နာ​ဒပ်၊ ဣ​ရှ​ဗာ​လ​ဟူ​၍​သား လေး​ယောက်​ရှိ​၏။-

သူ​တို့​သည်​ဂဒ်​နယ်​မြေ​မှ​မြို့​လေး​မြို့​ကို​ရ​ရှိ ကြ​၏။ ယင်း​တို့​မှာ​ပတ်​ဝန်း​ကျင်​ရှိ​စား​ကျက် များ​အ​ပါ​အ​ဝင်​ဂိ​လဒ်​ပြည်​ရှိ​ရာ​မုတ်​မြို့(ခို လှုံ​ရာ​မြို့​တစ်​မြို့၊) မ​ဟာ​နိမ်​မြို့၊ ဟေ​ရှ​ဘုန်​မြို့၊ ယာ​ဇာ​မြို့​တို့​ဖြစ်​ကြ​၏။-

သူ​၏​ကြင်​ယာ​တော်​ကား​အ​ဟိ​မတ်​၏​သ​မီး အ​ဟိ​နောင်​ဖြစ်​၏။ သူ​၏​စစ်​သေ​နာ​ပ​တိ​မှာ ဦး​ရီး​တော်​နေ​ရ​၏​သား​အာ​ဗ​နာ​ဖြစ်​သည်။-

ဂေါ​လျတ်​နှင့်​စစ်​ထိုး​ရန် ဒါ​ဝိဒ်​ထွက်​သွား​သည် ကို​ရှော​လု​မြင်​သော​အ​ခါ ဗိုလ်​ချုပ်​အာ​ဗ​နာ အား``အာ​ဗ​နာ၊ ထို​သူ​ငယ်​ကား​အ​ဘယ်​သူ နည်း'' ဟု​မေး​တော်​မူ​၏။ အာ​ဗ​နာ​က``အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​မ​သိ​ပါ'' ဟု​လျှောက်​၏။

ရှော​လု​၏​တပ်​သား​များ​နှင့်​အာ​ဗ​နာ​အား``အို အာ​ဗ​နာ​သင်​သည်​ငါ​ပြော​သည်​ကို​ကြား ရ​ပါ​၏​လော'' ဟု​ဟစ်​အော်​လေ​၏။ အာ​ဗ​နာ​က``မင်း​ကြီး​အိပ်​ရာ​မှ​နိုး​အောင်​အော် ဟစ်​နေ​သူ​ကား​အ​ဘယ်​သူ​နည်း'' ဟု​မေး​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ