Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ 2:32

Common Language Bible

ယွာ​ဘ​တို့​လူ​စု​သည်​အာ​သ​ဟေ​လ​၏​အ​လောင်း ကို​ယူ​၍ ဗက်​လင်​မြို့​ရှိ​မိ​သား​စု​ဂူ​တွင်​သင်္ဂြိုဟ် ကြ​၏။ ထို​နောက်​သူ​တို့​သည်​တစ်​ညဥ့်​လုံး​ခ​ရီး ပြု​ကြ​ရာ​အရုဏ်​တက်​ချိန်​၌​ဟေ​ဗြုန်​မြို့​သို့ ရောက်​ရှိ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

သူ​သည်​စု​တေ့​ရ​သော​အ​ချိန်​နီး​လာ​သော အ​ခါ သား​ယော​သပ်​ကို​ခေါ်​၍​ငါ့​အား​သင် မျက်​နှာ​သာ​ပေး​မည်​ဆို​လျှင်``ငါ​၏​ပေါင်​အောက် မှာ​သင်​၏​လက်​ကို​ထား​လျက် သင်​၏​က​ရု​ဏာ နှင့်​သစ္စာ​တ​ရား​ကို​ငါ့​အား​ပြ​မည်​ဟု​က​တိ ပြု​ပါ​လော့။ အ​ဖ​ကို​အီ​ဂျစ်​ပြည်​၌​သင်္ဂြိုဟ် ခြင်း​မ​ပြု​ပါ​နှင့်။-

အ​ဖ​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​၍​အ​ဖ​၏ ဘိုး​ဘေး​တို့​သင်္ဂြိုဟ်​ရာ​သင်္ချိုင်း​၌​သင်္ဂြိုဟ်​ပါ လော့'' ဟု​ဆို​၏။ ယော​သပ်​က``အ​ဖ​ဆန္ဒ​အ​တိုင်း​ကျွန်​တော်​ဆောင် ရွက်​ပေး​ပါ​မည်'' ဟု​ဝန်​ခံ​လေ​၏။

ဒါ​ဝိဒ်​၏​လူ​တို့​သည်​ဗင်္ယာ​မိန်​အ​နွယ်​ဝင် အာ​ဗ​နာ​၏​လူ​ပေါင်း​သုံး​ရာ​ခြောက်​ဆယ် ကို​သတ်​ဖြတ်​ခဲ့​ကြ​သ​တည်း။-

ထို​အ​ခါ​ဣ​သ​ရေ​လ​အ​နွယ်​အ​ပေါင်း​တို့​သည် ဒါ​ဝိဒ်​ရှိ​ရာ​ဟေ​ဗြုန်​မြို့​သို့​လာ​ရောက်​၍​ဒါ​ဝိဒ် အား``အ​ရှင်​နှင့်​အ​ကျွန်ုပ်​တို့​သည်​သွေး​သား ချင်း​ဖြစ်​ကြ​ပါ​၏။-

ဒါ​ဝိဒ်​မြို့​တွင်​သူ​၏​အ​တွက်​ပြု​လုပ်​ထား သည့်​ကျောက်​ဂူ​တွင်​သင်္ဂြိုဟ်​ကြ​၏။ ပြည်​သူ​တို့ သည်​သင်္ဂြိုဟ်​ရန်​အ​တွက်​မင်း​ကြီး​၏​အ​လောင်း ကို နံ့​သာ​မျိုး​များ၊ ဆီ​မွှေး​များ​နှင့်​မွမ်း​မံ ပြင်​ဆင်​ကြ​ပြီ​လျှင်​ဝမ်း​နည်း​ကြေ​ကွဲ​သည့် အ​ထိမ်း​အ​မှတ်​ဖြင့်​မီး​ပုံ​ပွဲ​ကြီး​ကို ကျင်း​ပ​ကြ​လေ​သည်။

ယော​ရှ​ဖတ်​ကွယ်​လွန်​သော​အ​ခါ​ဒါ​ဝိဒ်​မြို့​ရှိ ဘု​ရင်​တို့​၏​သင်္ချိုင်း​တော်​တွင်​သင်္ဂြိုဟ်​ကြ​၏။ သား တော်​ယ​ဟော​ရံ​သည်​ခ​မည်း​တော်​၏​အ​ရိုက် အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​လေ​သည်။

ဆောင်ရွက်စရာအမှုကိုကြိုးစား၍ ပြီးစီးစေ တတ်သောသူရှိသလော။ ထိုသူသည် သာမညလူ၏ အမှုကို မဆောင်ရွက်၊ ရှင်ဘုရင်၏ အမှုတော်ကို ဆောင် ရွက်၏။

ယော​ရှ​၏​သား​ဂိ​ဒေါင်​သည်​အ​သက်​ကြီး​ရင့် ၍​ကွယ်​လွန်​သော်​သူ​၏​ရုပ်​အ​လောင်း​ကို အ​ဗျေ ဇာ​သား​ချင်း​စု​၏​ဌာ​နေ​ဖြစ်​သော​သြ​ဖ​ရ​မြို့ ရှိ​အ​ဖ​ယော​ရှ​၏​သင်္ချိုင်း​ဂူ​၌​သင်္ဂြိုဟ်​ကြ​၏။

ရှော​လု​က``အ​ချင်း​လူ​ငယ်၊ သင်​ကား​အ​ဘယ် သူ​၏​သား​နည်း'' ဟု​မေး​တော်​မူ​လျှင်၊ ဒါ​ဝိဒ်​က``အ​ကျွန်ုပ်​သည်​အ​ရှင်​၏​အ​စေ​ခံ၊ ဗက်​လင်​မြို့​သား​ယေ​ရှဲ​၏​သား​ဖြစ်​ပါ​၏'' ဟု​ပြန်​လည်​လျှောက်​ထား​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ