Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ 2:23

Common Language Bible

သို့​ရာ​တွင်​အာ​သ​ဟေ​လ​သည်​လိုက်​မြဲ​လိုက် သ​ဖြင့် အာ​ဗ​နာ​သည်​မိ​မိ​လှံ​နှင့်​နောက်​ပြန်​ထိုး လိုက်​ရာ လှံ​သည်​အာ​သ​ဟေ​လ​၏​ဝမ်း​ကို​ထုတ် ချင်း​ဖောက်​လေ​၏။ အာ​သ​ဟေ​လ​သည်​ထို​နေ​ရာ ၌​လဲ​ကျ​သေ​ဆုံး​သွား​၏။ သူ​လဲ​ကျ​ရာ​သို့ ရောက်​ရှိ​လာ​သူ​အ​ပေါင်း​တို့​သည် ရှေ့​သို့​ဆက် ၍​မ​သွား​တော့​ဘဲ​ထို​နေ​ရာ​၌​ပင်​ရပ်​၍​နေ ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင်​ယွာ​ဘ​နှင့်​အ​ဘိ​ရှဲ​တို့​မူ​ကား အာ​ဗ​နာ ကို​လိုက်​လံ​တိုက်​ခိုက်​ရန်​ထွက်​ခွာ​သွား​ကြ​၏။ သူ တို့​သည်​နေ​ဝင်​ချိန်​၌​ဂိ​ဗောင်​တော​ကန္တာ​ရ​သို့ သွား​ရာ​လမ်း​အ​နီး၊ ဂိ​အာ​မြို့​၏​အ​ရှေ့​ဘက် တွင်​ရှိ​သော​အမ္မ​တောင်​ကုန်း​သို့​ရောက်​ကြ​၏။-

အာ​မ​သ​သ​တိ​လစ်​နေ​စဉ်​သူ​၏​ဝမ်း​ကို လက်​ဝဲ​လက်​တွင်​ကိုင်​ထား​သော​ဋ္ဌား​နှင့်​ထိုး လိုက်​ရာ အူ​များ​မြေ​ပေါ်​သို့​ကျ​၍​ချက်​ချင်း ပင်​အာ​မ​သ​သေ​ဆုံး​လေ​၏။ ထို့​ကြောင့် ယွာ​ဘ​သည်​သူ့​အား​နောက်​တစ်​ချက်​ထပ် ၍​ထိုး​ရန်​မ​လို​တော့​ချေ။ ထို​နောက်​ယွာ​ဘ​နှင့် သူ​၏​ညီ​အ​ဘိ​ရှဲ တို့​သည် ရှေ​ဘ​၏​နောက်​သို့​လိုက်​ကြ​၏။-

ဟေ​ဗြုန်​မြို့​သို့​အာ​ဗ​နာ​ရောက်​ရှိ​လာ​သော အ​ခါ ယွာ​ဘ​သည်​မြို့​တံ​ခါး​နံ​ဘေး​သို့​ခေါ် ယူ​ကာ​တီး​တိုး​ပြော​ဆို​ဆွေး​နွေး​ဟန်​ပြု​၍ ဝမ်း​ကို​ဋ္ဌား​နှင့်​ထိုး​လိုက်​၏။ ဤ​သို့​လျှင်​အာ​ဗ​နာ သည်​ယွာ​ဘ​၏​ညီ​အာ​သ​ဟေ​လ​ကို​သတ်​ခဲ့ သည့်​အ​တွက်​လုပ်​ကြံ​ခြင်း​ကို​ခံ​ရ​လေ​၏။-

သို့​ဖြစ်​၍​ယွာ​ဘ​နှင့်​ညီ​အ​ဘိ​ရှဲ​တို့​သည် ဂိ​ဗောင်​စစ်​ပွဲ​တွင် မိ​မိ​တို့​၏​ညီ​အာ​သ​ဟေ​လ အား​အာ​ဗ​နာ​သတ်​ခဲ့​သည့်​အ​တွက်​အာ ဗ​နာ​ကို​လက်​စား​ချေ​လိုက်​ကြ​သ​တည်း။

တံ​ခါး​ဝ​တွင်​ရှိ​သော​အ​မျိုး​သ​မီး​သည်​လည်း ဂျုံ​ဆန်​ကို​ဆန်​ကာ​ချ​ရင်း ငိုက်​မြည်း​အိပ်​ပျော် လျက်​နေ​၏။ ထို့​ကြောင့်​ရေ​ခပ်​နှင့်​ဗာ​နာ​တို့ သည်​အိမ်​ထဲ​သို့​တိတ်​တ​ဆိတ်​ဝင်​ကြ​၏။-

ဒါ​ဝိဒ်​မင်း​နှင့်​သူ​၏​စစ်​သည်​တော်​တို့​သည် ယေ​ရု​ရှ​လင်​မြို့​ကို​တိုက်​ခိုက်​ရန်​ချီ​တက် သွား​ကြ​၏။ ထို​မြို့​တွင်​နေ​ထိုင်​သူ​ယေ​ဗု​သိ အ​မျိုး​သား​တို့​က ထို​မြို့​ကို​ဒါ​ဝိဒ်​သိမ်း​ယူ နိုင်​လိမ့်​မည်​မ​ဟုတ်။ သင်​မ​ဝင်​နိုင်​အောင်​မျက် မ​မြင်​များ​နှင့်​ခြေ​ဆွံ့​သူ​များ​ပင်​ဆီး​တား နိုင်​ပါ​၏'' ဟု​ဆို​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ