၂ ရာ 2:18Common Language Bibleဇေရုယာ၏သားသုံးယောက်ဖြစ်ကြသောယွာဘ၊ အဘိရှဲနှင့်အာသဟေလတို့သည်တိုက်ပွဲတွင် ပါဝင်ကြ၏။ အာသဟေလသည်ဒရယ်ကဲ့သို့ လျင်မြန်စွာပြေးနိုင်၏။ သူသည်အာဗနာအား တသမတ်တည်းလိုက်လျက်နေ၏။- အခန်းကိုကြည့်ပါ။ |
ရဲဘော်သုံးကျိပ်ဝင်အခြားသူရဲကောင်း များကိုဖော်ပြအံ့။ ယွာဘ၏ညီအာသဟေလ၊ ဗက်လင်မြို့နေဒေါဒေါ၏သားဧလဟာနန်၊ ဟရောဒိမြို့သား၊ ရှမ္မနှင့်ဧလိက၊ ဖာလာတိမြို့သားဟေလက် တေကောမြို့နေဣကေရှ၏သားဣရ အနေသောသိမြို့သားအဗျေဇာ၊ ဟုရှသိမြို့သားမေဗုန္နဲ၊ အဟောဟိမြို့သားဇာလမုန်၊ နေတောဖာသိမြို့သားမဟာရဲနှင့် ဗာနာ၏သားဟေလက်၊ ဗင်္ယာမိန်နယ်ဂိဗာမြို့နေရိဘဲ၏သားအိတ္တဲ၊ ပိရသောနိမြို့သားဗေနာယ၊ ဂါရှအနီးရှိချိုင့်ဝှမ်းနေဟိဒ္ဒဲ၊ အရဗမြို့သားအဗျာလဗုန်၊ ဗာဟုမိမြို့သားအာဇမာဝက်၊ ရှာလဗောနိမြို့သားဧလျာဘ၊ ယာရှင်၏သားများ၊ ယောနသန်၊ ဟာရာရိမြို့သားရှမ္မ၊ အာရာမြို့နေရှာရ၏သားအဟိအံ၊ မာခါသိမြို့နေအဟသဘဲ၏သားဧလိဖ၊ ဂိလောမြို့နေအဟိသောဖေလ၏သား ဧလျံ၊ ကရမေလမြို့သားဟေဇရဲ၊ အာရပ်မြို့သားဖာရဲ၊ ဇောဘမြို့နေနာသန်၏သားဣဂါလ၊ ဂဒ်နယ်၏သားဗာနိ၊ အမ္မုန်အမျိုးသားဇေလက်၊ ဇေရုယာ၏သားယွာဘ၏လက်နက်ကိုင် ဗေရောသိမြို့သားနဟာရဲ၊ ဣသရိမြို့သားဣရနှင့်ဂါရက်၊ ဟိတ္တိအမျိုးသားဥရိယ၊ စသည်ဖြင့်နာမည်ကျော်သူရဲကောင်းစုစု ပေါင်းသုံးကျိပ်ခုနစ်ယောက်ရှိသတည်း။
``ထို့ပြင်သင့်အားမှာကြားရန်ကိစ္စတစ်ခု ရှိသေး၏။ ယွာဘသည်ဣသရေလတပ်မ တော်ဗိုလ်ချုပ်နှစ်ဦးဖြစ်သောနေရ၏သား အာဗနာနှင့်ယေသာ၏သားအာမသတို့ ကိုသတ်ခြင်းအားဖြင့် ငါ့အားအဘယ်သို့ ပြုခဲ့ကြောင်းသင်မှတ်မိပါလိမ့်မည်။ စစ် ဖြစ်ချိန်ကသတ်ဖြတ်မှုများအတွက် လက်စားချေသည့်အနေဖြင့် သူသည်ထို သူတို့အားငြိမ်းချမ်းနေချိန်၌အဘယ် သို့သတ်ဖြတ်ခဲ့သည်ကိုလည်းသင်မှတ်မိ ပါလိမ့်မည်။ သူသည်အပြစ်မဲ့သူများ အားသတ်ခဲ့သည်။ သူပြုခဲ့သည့်အမှု အတွက်ယခုငါ့မှာတာဝန်ရှိသဖြင့် သူ၏ဆိုးမွေကိုငါခံရ၏။-
ထူးချွန်သောအခြားစစ်သူရဲများစာရင်း မှာအောက်ပါအတိုင်းဖြစ်သည်။ ယွာဘ၏ညီ၊အာသဟေလ။ ဗက်လင်မြို့သား၊ဒေါဒေါ၏သားဧလဟာနန်။ ဟေရောဒိမြို့သား၊ရှမ္မ။ ဖာလတိမြို့သားဟေလက်။ တေကောမြို့သားဣကေရှ၏သားဣရ။ အနေသောသိမြို့သားအဗျေဇာ။ ဟုရှသိမြို့သားသိဗေကဲ။ အဟောဟိမြို့သားဣလဲ။ နေတောဖာသိမြို့သားမဟာရဲ၊ နေတောဖာသိမြို့သားဗာန၏သား ဟေလက်။ ဗင်္ယာမိန်ပြည်ဂိဗာမြို့သားရိဘဲ၏သားဣတ္တဲ။ ပိရသောနိမြို့သားဗေနာယ။ ဂါရှမြို့အနီးချိုင့်ဝှမ်းများမှဟုရဲ။ အာဗသိမြို့သားအဗျေလ။ ဗာဟုမိမြို့သားအာဇမာဝက်။ ရှာလဗောနိမြို့သားဧလျာဘ။ ဂိဇောနိမြို့သားယာရှင်။ ဟာရာမြို့သားရှာဂဲ၏သားယောနသန်။ ဟာရာမြို့သားစာကာရ၏သားအဟိအံ။ ဥရ၏သားဧလိဖလ။ မေခေရသိမြို့သားဟေဖာ။ ပေလောနိမြို့သားအဟိယ။ ကရမေလမြို့သားဟေဇရဲ။ ဧဇပဲ၏သားနာရဲ။ နာသန်၏ညီယောလ။ ဟဂ္ဂေ၏သားမိဗဟာ။ အမ္မုန်မြို့သားဇေလက်။ ယွာဘ၏လက်နက်ကိုင်ဆောင်သူ ဗေရောသိမြို့သားနဟာရဲ။ ဣသရိမြို့သားဣရနှင့်ဂါရက်။ ဟိတ္တိလူမျိုးဥရိယ။ အာလဲ၏သားဇာဗဒ်။ ရှိဇ၏သားအဒိန(သူသည်ရုဗင်အနွယ်မှ ဦးစီးခေါင်းဆောင်တစ်ဦးဖြစ်၍ လူသုံးကျိပ်ရှိ တပ်စိပ်တစ်စိပ်အုပ်ချုပ်ရသူဖြစ်၏။) မာခါ၏သားဟာနန်။ မိသနိမြို့သားယောရှဖတ်။ အာရှတယောသိမြို့သားသြဇိ။ အာရော်မြို့မှဟောသန်၏သားများဖြစ် ကြသော ရှာမနှင့်ယေဟေလ။ တိဇိမြို့သားရှိမရိ၏သားများဖြစ်ကြသော ယေဒျေလနှင့်ယောဟ။ မဟာဝိမြို့သားဧလျေလ။ ဧလနန်၏သားများဖြစ်ကြသော ယေရိဗဲနှင့်ယောရှဝိ၊မောဘမြို့သားဣသမ။ မေဇောဗိတ်မြို့သားဧလျေလ၊သြဗက်နှင့် ယာသေလတို့ဖြစ်ကြ၏။
ဒါဝိဒ်သည်သဲကန္တာရရဲတိုက်တွင်ရှိနေစဉ် အခါ သူ၏တပ်မတော်သို့ဝင်ရောက်လာကြ သူနာမည်ကျော်စစ်ရည်ဝသူရဲတို့မှာအောက် ပါအတိုင်းဖြစ်၏။ ထိုသူတို့သည်ခြင်္သေ့ကဲ့ သို့ကြောက်မက်ဖွယ်သဏ္ဌာန်ကိုဆောင်လျက် ဒိုင်းလွှားအတတ်၊ လှံအတတ်တို့တွင်အထူး ကျွမ်းကျင်သူများဖြစ်ကြ၏။ တောင်ပေါ် ဒရယ်ကဲ့သို့လည်းလျင်မြန်ဖြတ်လတ် ကြ၏။-
တဖန် နေအောက်မှာရှိသော အမှုအရာတို့ကို ငါပြန်၍ ကြည့်ရှုသောအခါ၊ လျင်မြန်သောသူသည် ပြိုင်၍ ပြေးသော်လည်း မနိုင်တတ်။ ခွန်အားကြီးသောသူသည် စစ်တိုက်၍ မအောင်တတ်။ ပညာရှိသောသူသည် ဝစွာ မစားတတ်။ ဥာဏ်ကောင်းသောသူသည် စည်းစိမ်ကို မရတတ်။ လိမ္မာသောသူသည် သူတပါးရှေ့၌ မျက်နှာ မရတတ်။ ခပ်သိမ်းသောသူတို့၌ ကာလအချိန်စေခြင်း၊ အဆင်သင့်ခြင်းရှိသည်အတိုင်း ဖြစ်တတ်သည်ကို ငါမြင် ၏။