သို့ဖြစ်၍ဣရှဗောရှက်နှင့်ဗင်္ယာမိန်လူမျိုးစုကို ကိုယ်စားပြုသူလူတစ်ဆယ့်နှစ်ယောက်တို့သည် ဒါဝိဒ်၏လူတစ်ဆယ့်နှစ်ယောက်နှင့်စစ်ကစား ကြ၏။-
အာဗနာကယွာဘအား``ငါတို့တစ်ဘက်စီ မှလူငယ်အချို့တို့ကိုစစ်ကစားစေကြအံ့'' ဟုဆိုလျှင်၊ ယွာဘက``ကောင်းပြီ'' ဟုဆိုလေ၏။
လူတိုင်းပင်မိမိတိုက်ခိုက်ရသူနှင့်အပြန်အလှန် ဦးခေါင်းကိုကိုင်၍ နံဘေးကိုဋ္ဌားနှင့်ထိုးလျက် သူတို့အားလုံးပင်လဲ၍သေကြကုန်၏။ ဤ အကြောင်းကြောင့်ဂိဗောင်နယ်ရှိဤအရပ် ကို``ဋ္ဌားကွင်း'' ဟူ၍ခေါ်ဆိုသမုတ်ကြလေ သည်။
ရှောလု၏တပ်မတော်ဗိုလ်ချုပ်၊ နေရ၏သား အာဗနာသည်ရှောလု၏သားတော်ဣရှဗော ရှက်နှင့်အတူ ယော်ဒန်မြစ်ကိုဖြတ်၍မဟာ နိမ်မြို့သို့ထွက်ပြေးသွားလေသည်။-