Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ 19:8

Common Language Bible

ထို​အ​ခါ​မင်း​ကြီး​သည်​ထ​ပြီး​လျှင်​မြို့ တံ​ခါး​အ​နီး​သို့​သွား​၍​ထိုင်​တော်​မူ​၏။ လူ တို့​သည်​ထို​အရပ်​တွင်​မင်း​ကြီး​ရှိ​တော်​မူ ကြောင်း​ကြား​သော​အ​ခါ​အ​ထံ​တော်​သို့ ချဉ်း​ကပ်​လာ​ကြ​၏။ ဤ​အ​တော​အ​တွင်း​၌​ဣသ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​တို့​သည် မိ​မိ​တို့​နေ​ရပ် အ​သီး​သီး​သို့​ထွက်​ပြေး​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

သူ​သည်​နံ​နက်​စော​စော​ထ​ပြီး​လျှင်​မြို့​တံ​ခါး ဝ​လမ်း​နံ​ဘေး​တွင်​ရပ်​လျက်​နေ​တတ်​၏။ ဘု​ရင် ၏​အ​ဆုံး​အ​ဖြတ်​ကို​ခံ​ရန်​အ​မှု​သည်​တစ်​စုံ တစ်​ယောက်​ရောက်​ရှိ​လာ​သော​အ​ခါ​သူ့​ကို​ခေါ် ၍``သင်​သည်​အ​ဘယ်​အ​ရပ်​က​လာ​သနည်း'' ဟု မေး​လေ့​ရှိ​၏။ အ​မှု​သည်​က``အ​ရှင်​အ​ကျွန်ုပ် သည်​ဤ​မည်​သော​ဣ​သ​ရေ​လ​အ​နွယ်​မှ​ဖြစ် ပါ​သည်'' ဟု​ဆို​လျှင်၊-

သူ​တို့​သည်​အ​ဗ​ရှ​လုံ​၏​အ​လောင်း​ကို ယူ​၍ တော​ထဲ​တွင်​တွင်း​နက်​တစ်​ခု​ထဲ​သို့ ပစ်​ချ​ကာ ကျောက်​ခဲ​ပုံ​ကြီး​ဖြင့်​ဖုံး​အုပ် ထား​ကြ​၏။ ဣသ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည်​လည်း မိ​မိ​တို့​နေ​ရပ်​အ​သီး​သီး သို့​ထွက်​ပြေး​ကြ​ကုန်​၏။

ဒါ​ဝိဒ်​သည်​မြို့​အ​ပြင်​တံ​ခါး​နှင့်​အ​တွင်း တံ​ခါး​စပ်​ကြား​တွင်​ရှိ​သော​မြေ​ကွက်​လပ် တွင်​ထိုင်​လျက်​နေ​၏။ ကင်း​စောင့်​သည်​မြို့​ရိုး ပေါ်​သို့​တက်​ပြီး​လျှင် မြို့​တံ​ခါး​အ​မိုး​ပေါ် မှ​ရပ်​၍​ကြည့်​လိုက်​ရာ​လူ​တစ်​ယောက် အ​ဖော်​မ​ပါ​ဘဲ​ပြေး​လာ​သည်​ကို​မြင် သ​ဖြင့်၊-

မင်း​ကြီး​က​လည်း``အ​ကောင်း​ဆုံး​ဟု​သင်​တို့ ထင်​သည့်​အ​တိုင်း​ငါ​ပြု​မည်'' ဟု​မိန့်​တော်​မူ ၏။ ထို​နောက်​သူ​သည်​တစ်​ထောင်​တပ်၊ တစ်​ရာ တပ်​တို့​ချီ​တက်​ထွက်​ခွာ​သွား​ကြ​စဉ်​မြို့ တံ​ခါး​အ​နီး​တွင်​ရပ်​၍​နေ​တော်​မူ​၏။-

တိုက်​ပွဲ​မှ​ထွက်​ပြေး​ခဲ့​သ​ဖြင့်​ရှက်​ကြောက် နေ​သည့်​စစ်​သား​များ​ကဲ့​သို့ သူ​တို့​သည်​မြို့ ထဲ​သို့​တိတ်​တ​ဆိတ်​ပြန်​လည်​ဝင်​ရောက် လာ​ကြ​၏။-

နေ​ဝင်​ချိန်​နီး​သော​အ​ခါ``လူ​တိုင်း​ကိုယ့်​ပြည်၊ ကိုယ့်​မြို့​ရွာ​များ​သို့​ပြန်​ကြ​ကုန်​အံ့'' ဟူ​သော ဟစ်​သံ​သည်​ဣ​သ​ရေ​လ​တပ်​တစ်​တပ်​လုံး သို့​ရောက်​ရှိ​လာ​လေ​သည်။

အာ​မ​ဇိ​၏​တပ်​မ​တော်​မှာ​အ​ရေး​ရှုံး​နိမ့်​သ ဖြင့် သူ​၏​စစ်​သည်​အ​ပေါင်း​တို့​သည်​မိ​မိ​တို့ နေ​ရပ်​သို့​ထွက်​ပြေး​ကြ​ကုန်​၏။-

သို့​ဖြစ်​၍​ယ​ဟော​ရံ​သည်​မိ​မိ​၏​စစ်​ရ​ထား အ​လုံး​အ​ရင်း​နှင့် ဇာ​ဣ​ရ​မြို့​သို့​ချီ​တက်​တော် မူ​ရာ​ထို​အ​ရပ်​တွင် ဧ​ဒုံ​တပ်​မ​တော်​၏​ဝိုင်း​ရံ ခြင်း​ကို​ခံ​ရ​လေ​သည်။ မင်း​ကြီး​နှင့်​စစ်​ရ​ထား မှူး​တို့​သည် ယင်း​သို့​ဝိုင်း​ရံ​မှု​ကို​ချိုး​ဖောက်​လွတ် မြောက်​သွား​ကြ​၏။ သူ​၏​စစ်​သည်​တော်​တို့​သည် မိ​မိ​တို့​နေ​ရပ်​သို့​က​စဥ့်​က​ရဲ​ထွက်​ပြေး ကြ​ကုန်​၏။-

ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည် အ​ပြင်း​အ​ထန် တိုက်​ခိုက်​သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည် အ​ရေး​ရှုံး​နိမ့်​၍​မိ​မိ​တို့​နေ​ရပ်​သို့​ထွက် ပြေး​ကြ​ကုန်​၏။ ထို​တိုက်​ပွဲ​သည်​လူ​သတ်​ပွဲ ဖြစ်​လျက် ဣ​သ​ရေ​လ​တပ်​သား​ပေါင်း​သုံး သောင်း​မျှ​ကျ​ဆုံး​သ​တည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ