၂ ရာ 19:5Common Language Bibleယွာဘသည်ဘုရင့်အိမ်တော်သို့သွား၍``ယနေ့ အရှင်သည်အရှင်၏အသက်ကိုလည်းကောင်း၊ အရှင့်သားသမီး၊ မိဖုရားမောင်းမတို့၏ အသက်ကိုလည်းကောင်းကယ်ဆယ်သော အရှင့်လူတို့အားချီးမြှင့်မည့်အစား ရှုတ်ချတော်မူလေပြီ။- အခန်းကိုကြည့်ပါ။ |
အရှင်သည်မိမိအားချစ်မြတ်နိုးသူတို့ကို ဆန့်ကျင်ဘက်ပြု၍ အရှင့်အားမုန်းသူတို့ကို ထောက်ခံအားပေးတော်မူပြီ။ မိမိ၏တပ်မှူး များနှင့်တပ်သားများအားမည်သို့မျှပမာဏ မပြုကြောင်းထင်ရှားစေတော်မူပြီ။ ယခု အခါ၌အကျွန်ုပ်တို့အားလုံးသေ၍အဗ ရှလုံအသက်ရှင်လျက်နေမည်ဆိုပါမူ အရှင်အားရဝမ်းမြောက်တော်မူမည် ဖြစ်ကြောင်းအကျွန်ုပ်သိမြင်နိုင်ပါ၏။-
သို့ဖြစ်၍ကိုယ်တော်ရှင်သည်ရန်သူတို့အား သူတို့ကိုနှိမ်နင်းအုပ်စိုးခွင့်ပေးတော်မူ ပါ၏။ သူတို့သည်ဒုက္ခရောက်သဖြင့်ကူမတော်မူပါဟု အထံတော်သို့အော်ဟစ်ကြပါ၏။ ထိုအခါကိုယ်တော်သည်ကောင်းကင်ဘုံမှ ကြားတော်မူ၍ ကရုဏာတော်ကြီးမားသည်နှင့်အညီ သူတို့အားရန်သူများလက်မှကယ်ဆယ်ရန် ခေါင်းဆောင်များကိုစေလွှတ်တော်မူပါ၏။