Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ 19:37

Common Language Bible

မိ​ဘ​တို့​၏​သင်္ချိုင်း​အ​နီး​တွင်​သေ​နိုင်​ရန် အကျွန်ုပ်​အား​အိမ်​သို့​ပြန်​ခွင့်​ပြု​တော်​မူ​ပါ။ ဤ​သူ​သည်​အ​ကျွန်ုပ်​၏​သား​ခိ​မ​ဟံ​ဖြစ် ပါ​၏။ အ​ရှင်​မင်း​ကြီး၊ သူ့​အား​ခေါ်​ဆောင် သွား​ပြီး​နောက်​သူ့​အ​တွက်​အရှင်​အ​လို​တော် ရှိ​သည့်​အ​တိုင်း​ပြု​တော်​မူ​ပါ'' ဟု​လျှောက်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

အ​ဖ​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​၍​အ​ဖ​၏ ဘိုး​ဘေး​တို့​သင်္ဂြိုဟ်​ရာ​သင်္ချိုင်း​၌​သင်္ဂြိုဟ်​ပါ လော့'' ဟု​ဆို​၏။ ယော​သပ်​က``အ​ဖ​ဆန္ဒ​အ​တိုင်း​ကျွန်​တော်​ဆောင် ရွက်​ပေး​ပါ​မည်'' ဟု​ဝန်​ခံ​လေ​၏။

ထို​နောက်​ယာ​ကုပ်​သည်​ယော​သပ်​အား``ငါ​သည် ယ​ခု​သေ​အံ့​ဆဲ​ဆဲ​ရှိ​ပြီ။ သို့​သော်​လည်း​ဘု​ရား​သ​ခင်​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​၍ ဘိုး​ဘေး​တို့ နေ​ထိုင်​ရာ​ပြည်​သို့​ပြန်​လည်​ပို့​ဆောင်​တော်​မူ လိမ့်​မည်။-

ဖ​ခင်​၏​အ​လောင်း​ကို​ခါ​နာန်​ပြည်​သို့​ယူ ဆောင်​ခဲ့​ပြီး​လျှင် ဟိတ္တိ​အ​မျိုး​သား​ဧ​ဖ​ရုန် ထံ​မှ​သင်္ချိုင်း​မြေ​အ​ဖြစ်​အာ​ဗြ​ဟံ​ဝယ်​ယူ ထား​သော မံ​ရေ​မြို့​အ​ရှေ့​မပ္ပေလ​မြေ​ကွက်​၌ ရှိ​သည့်​သင်္ချိုင်း​တွင်​သင်္ဂြိုဟ်​ကြ​လေ​သည်။-

ဤ​သို့​ကြီး​မြတ်​သည့်​ဆု​လာဘ်​တော်​နှင့်​လည်း မ​ထိုက်​မ​တန်​ပါ။ သို့​သော်​အ​ကျွန်ုပ်​သည် ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​ပြီး​လျှင် အ​ရှင် နှင့်​အ​တူ​အ​နည်း​ငယ်​လိုက်​ပါ​မည်။-

မင်း​ကြီး​က​လည်း``ငါ​သည်​သူ့​ကို​ခေါ်​သွား ပြီး​လျှင်​သင်​အ​လို​ရှိ​သည့်​အ​တိုင်း​သူ့​အ​တွက် ဆောင်​ရွက်​ပေး​မည်။ သင်​၏​အ​တွက်​သင်​တောင်း လျှောက်​သည့်​အ​တိုင်း​ငါ​ပြု​မည်'' ဟု​ပြန်​လည် မိန့်​ကြား​တော်​မူ​၏။-

မင်း​ကြီး​သည်​ယော်​ဒန်​မြစ်​ကို​ကူး​သော​အ​ခါ ယု​ဒ​ပြည်​တစ်​ပြည်​လုံး​မှ​လူ​တို့​နှင့် ဣ​သ​ရေ​လ ပြည်​တစ်​ဝက်​မှ​လူ​တို့​သည်​မင်း​ကြီး​အား​လိုက် ပါ​ပို့​ဆောင်​ကြ​၏။ ထို​နောက်​မင်း​ကြီး​သည် ဂိ​လ​ဂါ​လ​မြို့​သို့​ဆက်​လက်​၍​ကြွ​တော်​မူ ၏။ ခိ​မ​ဟံ​သည်​လည်း​လိုက်​ပါ​သွား​လေ​သည်။-

``ဂိ​လဒ်​ပြည်​သား​ဗာ​ဇိ​လဲ​၏​သား​များ​ကို မူ က​ရု​ဏာ​ထား​၍​ကြည့်​ရှု​စောင့်​ရှောက်​လော့။ အ​ဘယ်​ကြောင့်​ဆို​သော်​သင်​၏​အစ်​ကို​အ​ဗ ရှ​လုံ​၏​ဘေး​မှ​ငါ​ထွက်​ပြေး​ရ​စဉ်​အ​ခါ​က သူ​တို့​သည်​ငါ့​အား​ကျေး​ဇူး​ပြု​ခဲ့​ကြ သော​ကြောင့်​ဖြစ်​၏။

နယ်​ဘု​ရင်​ခံ​ချုပ်၊ နာ​သန်​၏​သား​အာ​ဇ​ရိ၊ ဘု​ရင့် အ​တိုင်​ပင်​ခံ​အ​မတ်၊ နာ​သန်​၏​သား​ယဇ်​ပု​ရော ဟိတ်​ဇာ​ဗုဒ်၊

သူ​တို့​သည်​ဂိ​ဘောင်​မြို့​မှ​ယော​ဟ​နန်​ဆောင် ယူ​လာ​သူ​အ​ပေါင်း​တို့​အား​ထိန်း​သိမ်း​စောင့် ရှောက်​ကာ​ထွက်​ခွာ​လာ​ကြ​ပြီး​လျှင် ဗက်​လင် မြို့​အ​နီး​ခိ​မ​ဟံ​စ​ခန်း​၌​ရပ်​နား​ကြ​၏။ သူ တို့​သည်​ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​၏​ဘေး မှ​ကင်း​ဝေး​ကြ​စေ​ရန်​အီ​ဂျစ်​ပြည်​သို့ သွား​ကြ​၏။-

ငါ​သည်​မိ​မိ​အ​သက်​ကို​ပူ​ဇော်​ရ​မည့်​အ​ချိန် ကျ​ရောက်​လာ​ပြီ။ ဤ​လော​က​မှ​ထွက်​ခွာ​ရ​မည့် အ​ချိန်​နီး​ကပ်​လာ​ပြီ။-

ငါ​မူ​ကား​စု​တေ​ရ​မည့်​အ​ချိန်​နီး​လာ​ပြီ။ သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်​က​တိ တော်​ရှိ​သည်​အ​တိုင်း သင်​တို့​အ​တွက်​ကောင်း​ချီး မင်္ဂ​လာ​ရှိ​သ​မျှ​ကို​ချ​ပေး​တော်​မူ​ခဲ့​သည်​ဟု သင်​တို့​စိတ်​အ​တွင်း​၌​ခံ​စား​ရ​ကြ​၏။ ကိုယ်​တော် သည်​ကတိ​တော်​ရှိ​သ​မျှ​အ​ကောင်​အ​ထည်​ပေါ် စေ​ခဲ့​လေ​ပြီ။ အ​ကောင်​အ​ထည်​မ​ပေါ်​သည့် ကတိ​တော်​ဟူ​၍​တစ်​ခု​မျှ​မ​ရှိ။-

အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည်​မ​ကြာ​မီ​ပင် ဤ​ပျက်​စီး​တတ်​သည့်​ကိုယ်​ခန္ဓာ​ကို​စွန့်​ပစ်​ရ​လိမ့် မည်​ဖြစ်​ကြောင်း​သိ​သော​ကြောင့်​ဖြစ်​ပေ​သည်။ ငါ တို့​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​က​လည်း​ယင်း​သို့ ဖြစ်​မည်​ဟု​ငါ့​အား​အတိ​အ​လင်း​မိန့်​ကြား ထား​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ