တိုက်ပွဲမှထွက်ပြေးခဲ့သဖြင့်ရှက်ကြောက် နေသည့်စစ်သားများကဲ့သို့ သူတို့သည်မြို့ ထဲသို့တိတ်တဆိတ်ပြန်လည်ဝင်ရောက် လာကြ၏။-
အဘယ်ကြောင့်တိတ်ဆိတ်စွာထွက်ပြေးသနည်း။ ငါ့အားအသိပေးခဲ့လျှင်ငါသည်ပတ်သာ စောင်းငြင်းတီးလျက် မြူးတူးပျော်ရွှင်စွာ သင်တို့ကိုစေလွှတ်လိုက်မည်သာဖြစ်၏။-
အဗရှလုံနှင့် ဣသရေလအမျိုးသားတို့ သည်ယော်ဒန်မြစ်တစ်ဘက်ကမ်းသို့ကူးမိ ကြသောအခါ ဒါဝိဒ်သည်မဟာနိမ်မြို့ သို့ရောက်ရှိနေလေပြီ။-
မင်းကြီးသည်သားတော်အတွက်ငိုကြွေး မြည်တမ်းလျက်နေကြောင်းကြားသိရသော အခါ ဒါဝိဒ်၏တပ်သားအပေါင်းတို့အဖို့ ထိုနေ့၌အောင်ပွဲသည်ဝမ်းနည်းပူဆွေးပွဲ ဖြစ်ရလေ၏။-
ဗာဇိလဲသည်အသက်ရှစ်ဆယ်ရှိ၍အလွန် အိုမင်းနေလေပြီ။ သူသည်အလွန်ကြွယ်ဝ ချမ်းသာသူဖြစ်သဖြင့် မဟာနိမ်မြို့တွင် မင်းကြီးစခန်းချနေစဉ်အခါကစားနပ် ရိက္ခာထောက်ပံ့ခဲ့သူဖြစ်၏။-
မင်းကြီးသည်မျက်နှာကိုအုပ်၍``အို ငါ့သား၊ ငါ့သားအဗရှလုံ၊ အဗရှလုံငါ့သား'' ဟုကျယ်လောင်စွာငိုကြွေးတော်မူ၏။