Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ 19:28

Common Language Bible

အ​ကျွန်ုပ်​ခ​မည်း​တော်​၏​အိမ်​ထောင်​စု​သား အ​ပေါင်း​တို့​သည် အ​ရှင်​၏​လက်​တွင်​ကွပ်​မျက် ခြင်း​ကို​ခံ​ထိုက်​သူ​များ​ဖြစ်​ပါ​၏။ သို့​သော် လည်း​အ​ရှင်​သည်​အ​ကျွန်ုပ်​အား​အ​ရှင့်​စား တော်​ပွဲ​တွင်​စား​သောက်​ခွင့်​ကို​ပေး​တော်​မူ ပါ​၏။ အ​ရှင်​မင်း​ကြီး​ထံ​မှ​အ​ဘယ်​အ​ရာ ကို​မျှ​ထပ်​မံ​အ​သ​နား​ခံ​ရန်​မ​ရှိ​တော့ ပါ'' ဟု​လျှောက်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​အ​မြဲ​ထား​တော်​မူ​သော​က​ရု​ဏာ တော်​နှင့်​ကိုယ်​တော်​၏​ကျွန်​သည်​မ​ထိုက်​တန် ပါ။ အ​ကျွန်ုပ်​သည်​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး စဉ်​အ​ခါ​က အ​ကျွန်ုပ်​၌​လက်​ကိုင်​တောင်​ဝှေး တစ်​ချောင်း​သာ​ပါ​သွား​သော်​လည်း ယ​ခု​မှာ မူ​ဤ​လူ​စု​နှစ်​စု​ပါ​လျက်​ပြန်​လာ​ခဲ့​ရ ပါ​သည်။-

အ​ရှင်​မင်း​ကြီး​သည်​ဘု​ရား​သ​ခင်​၏​ကောင်း ကင်​တ​မန်​ကဲ့​သို့ ကောင်း​မ​ကောင်း​ကို​ပိုင်း​ခြား သိ​မြင်​တော်​မူ​ပါ​၏။ သို့​ဖြစ်​၍​ကျွန်​တော်​မ သည်​အ​ရှင်​၏​က​တိ​တော်​အ​တိုင်း အ​သက် ချမ်း​သာ​ရာ​ရ​လိမ့်​မည်​ဟု​တစ်​ကိုယ်​တည်း ပြော​ဆို​နေ​မိ​ပါ​၏။ အ​ရှင်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်​အ​ရှင်​နှင့်​အ​တူ​ရှိ တော်​မူ​ပါ​စေ​သော'' ဟု​လျှောက်​၏။

သူ​သည်​ယင်း​သို့​ပြု​ရ​ခြင်း​မှာ​ဤ​အ​မှု​၏ အ​ခြေ​အ​နေ​ကို​ပြောင်း​လဲ​စေ​ရန်​ပင်​ဖြစ် ပါ​၏။ အ​ရှင်​မင်း​ကြီး​သည်​ဘု​ရား​သ​ခင်​၏ ကောင်း​ကင်​တ​မန်​ကဲ့​သို့ ဉာဏ်​ပ​ညာ​ရှိ​၍​ဖြစ် ပျက်​သည့်​အ​မှု​အ​ရာ​မှန်​သ​မျှ​ကို​သိ​တော် မူ​ပါ​၏'' ဟု​လျှောက်​ထား​၏။

သို့​ရာ​တွင်​ငါ့​အား​နှစ်​သက်​တော်​မ​မူ​ပါ လျှင် ကိုယ်​တော်​အ​လို​တော်​ရှိ​သည့်​အ​တိုင်း ပြု​တော်​မူ​ပါ​စေ​သော'' ဟု​ဆို​၏။-

မင်း​ကြီး​က``သင်​၏​သ​ခင်​မေ​ဖိ​ဗော​ရှက် ကား​အ​ဘယ်​မှာ​နည်း'' ဟု​မေး​တော်​မူ​လျှင်၊ ဇိ​ဘ​က``ယ​ခု​အ​ခါ​ဣသ​ရေ​လ​အ​မျိုး​သား တို့​သည် သူ့​အား​ဘိုး​တော်​ရှော​လု​၏​နိုင်​ငံ​ကို အပ်​နှင်း​ကြ​တော့​မည်​ဟု​ယုံ​ကြည်​သ​ဖြင့် သူ သည်​ယေ​ရု​ရှလင်​မြို့​တွင်​နေ​ရစ်​ပါ​၏'' ဟု လျှောက်​လေ​သည်။

မင်း​ကြီး​က``သင်​နောက်​ထပ်​ပြော​ဆို​ရန်​မ​လို တော့​ပြီ။ ရှော​လု​၏​ဥစ္စာ​ပစ္စည်း​များ​ကို​သင်​နှင့် ဇိ​ဘ​တစ်​ဝက်​စီ​ယူ​ကြ​ရန်​ငါ​ဆုံး​ဖြတ်​ပြီး ဖြစ်​သည်'' ဟု​မိန့်​တော်​မူ​၏။

သင်​နှင့်​တ​ကွ​သင်​၏​သား​သင်​၏​အစေ​ခံ​တို့ သည် သင့်​သ​ခင်​ရှော​လု​၏​အိမ်​ထောင်​စု​အ​တွက် ထို​မြေ​ယာ​များ​ကို​ထွန်​ယက်​စိုက်​ပျိုး​၍ အ​သီး အ​နှံ​များ​ကို​ယူ​ဆောင်​ကာ​သူ​တို့​အ​ဖို့​ရိက္ခာ အ​ဖြစ်​ဖြင့်​ပေး​သွင်း​ရ​မည်။ သို့​ရာ​တွင်​မေ​ဖိ ဗော​ရှက်​မူ​ကား​ငါ​၏​စား​ပွဲ​တွင်​ငါ​နှင့်​အ​တူ စား​သောက်​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။ (ဇိ​ဘ တွင်​သား​တစ်​ဆယ့်​ငါး​ယောက်​နှင့်​အ​စေ​ခံ နှစ်​ဆယ်​ရှိ​သ​တည်း။)

ထို့​ကြောင့်​ခြေ​နှစ်​ဘက်​စ​လုံး​ဆွံ့​သော​မေ​ဖိ ဗော​ရှက်​သည် ယေ​ရု​ရှ​လင်​မြို့​၌​နေ​ထိုင်​လျက် ဘု​ရင့်​စား​ပွဲ​တော်​တွင်​စား​သောက်​ခွင့်​ကို​ရ လေ​သည်။

ခု​နစ်​နှစ်​စေ့​သော​အ​ခါ​သူ​သည်​ဣသ​ရေ​လ ပြည်​သို့​ပြန်​လာ​ပြီး​လျှင် မင်း​ကြီး​ထံ​သို့​သွား ၍​မိ​မိ​၏​အိမ်​နှင့်​မြေ​ကို​ပြန်​လည်​ပေး​သ​နား တော်​မူ​ရန်​လျှောက်​ထား​၏။-

အ​ချင်း​အာ​ဗ​နာ၊ သင်​သည်​ဝတ္တ​ရား​ပျက်​ကွက် ခဲ့​ပါ​သည်​တ​ကား။ ဘု​ရင်​အဖြစ်​ဘု​ရား​သ​ခင် ခန့်​ထား​တော်​မူ​သော​သင်​၏​အ​ရှင်​ကို သင်​သည် မ​စောင့်​ရှောက်​ခဲ့​သ​ဖြင့်​သင်​တို့​အား​လုံး​ပင် သေ​ဒဏ်​ခံ​သင့်​ကြောင်း အ​သက်​ရှင်​တော်​မူ သော​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍​ငါ ကျိန်​ဆို​ပါ​၏။ ဘု​ရင်​၏​လှံ​တော်​သည် အ​ဘယ်​မှာ​ရှိ​သည်​ကို​ကြည့်​လော့။ ခေါင်း ရင်း​တော်​အ​နီး​တွင်​ထား​သည့်​ရေ​ဘူး​တော် ကား​အ​ဘယ်​မှာ​ရှိ​သ​နည်း'' ဟု​မေး​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ