၂ ရာ 19:17Common Language Bibleသူနှင့်အတူဗင်္ယာမိန်အနွယ်ဝင်လူပေါင်း တစ်ထောင်ပါ၏။ ထို့ပြင်ရှောလုမိသားစု ၏အစေခံဇိဘသည်လည်းမိမိ၏သား တစ်ဆယ့်ငါးယောက်၊ အစေခံနှစ်ဆယ်နှင့် အတူလာရောက်လေသည်။ သူတို့သည်မင်း ကြီး၏အလျင်ယော်ဒန်မြစ်သို့ရောက်ရှိ ကြ၏။- အခန်းကိုကြည့်ပါ။ |
သင်နှင့်တကွသင်၏သားသင်၏အစေခံတို့ သည် သင့်သခင်ရှောလု၏အိမ်ထောင်စုအတွက် ထိုမြေယာများကိုထွန်ယက်စိုက်ပျိုး၍ အသီး အနှံများကိုယူဆောင်ကာသူတို့အဖို့ရိက္ခာ အဖြစ်ဖြင့်ပေးသွင်းရမည်။ သို့ရာတွင်မေဖိ ဗောရှက်မူကားငါ၏စားပွဲတွင်ငါနှင့်အတူ စားသောက်ရမည်'' ဟုမိန့်တော်မူ၏။ (ဇိဘ တွင်သားတစ်ဆယ့်ငါးယောက်နှင့်အစေခံ နှစ်ဆယ်ရှိသတည်း။)
``ဗင်္ယာမိန်ပြည်၊ ဗာဟုရိမ်မြို့သားဂေရ၏ သားရှိမိတစ်ယောက်လည်းရှိသေး၏။ မဟာနိမ် မြို့သို့ငါသွားသည့်နေ့ကသူသည်ငါ့ကို ကြမ်းတမ်းစွာကျိန်ဆဲသော်လည်း ယော်ဒန် မြစ်သို့လာ၍ငါ့အားခရီးဦးကြိုပြုသော အခါ၌ ငါသည်သူ့အားကွပ်မျက်မည်မ ဟုတ်ကြောင်းထာဝရဘုရား၏နာမ တော်ကိုတိုင်တည်၍ကျိန်ဆိုကတိပြု ခဲ့သည်။-