၂ ရာ 19:13Common Language Bibleထို့ပြင်အာမသအား``သင်သည်ငါ၏ဆွေမျိုး ဖြစ်၏။ ယခုအချိန်မှစ၍သင့်အားယွာဘ ၏နေရာတွင်တပ်မတော်ဗိုလ်ချုပ်အဖြစ်ငါ ခန့်ထားပြီ။ ယင်းသို့ငါမပြုပါမူဘုရားသခင်သည်ငါ့အားအဆုံးစီရင်တော်မူပါ စေသော'' ဟုပြောကြားရန်လည်းမှာတော်မူ လိုက်၏။- အခန်းကိုကြည့်ပါ။ |
ဘုရားသခင်ထံတော်မှဝိညာဉ်တော်သည် အာမသဲအပေါ်သို့သက်ရောက်ကာနောင် အခါ၌ ရဲဘော်သုံးကျိပ်တို့၏တပ်မှူး ဖြစ်လာသူအာမသဲက၊ ``ယေရှဲ၏သားဒါဝိဒ်မင်း၊ကျွန်တော်တို့သည် အရှင်၏ဘက်တော်သားများဖြစ်ကြပါ၏။ ဘုရားသခင်သည်အရှင်၏ဘက်၌ရှိပါ၏။ အရှင်နှင့်တကွအရှင့်အားကူညီကြသူတို့ သည် အောင်မြင်ကြပါစေသော'' ဟုဟစ်အော် လျှောက်ထား၏။ ဒါဝိဒ်သည်ထိုသူတို့ကိုလက်ခံလျက် မိမိ တပ်တွင်အရာရှိများအဖြစ်ခန့်အပ်လေ၏။
မိခင်သေရာအရပ်တွင်ကျွန်မသေပါ မည်။ ထိုအရပ်တွင်သင်္ဂြိုဟ်ခြင်းကိုခံပါမည်။ အကယ်၍ကျွန်မသည် သေခြင်းမှတစ်ပါး အခြားအကြောင်းတစ်ခုခုကြောင့် မိခင်နှင့် ခွဲခွာခဲ့လျှင်ဘုရားသခင်သည် ကျွန်မအား အဆိုးရွားဆုံးသောအပြစ်ဒဏ်ကိုပေး တော်မူပါစေသော'' ဟုပြန်ပြောလေသည်။