Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ 18:5

Common Language Bible

``ငါ့​မျက်​နှာ​ကို​ထောက်​၍​သူ​ငယ်​အ​ဗ ရှ​လုံ​အား​ဘေး​အန္တ​ရာယ်​မ​ပြု​ကြ​ပါ နှင့်'' ဟု​ယွာ​ဘ၊ အ​ဘိ​ရှဲ​နှင့်​အိတ္တဲ​တို့​အား မှာ​ကြား​တော်​မူ​လိုက်​၏။ ဤ​သို့​တပ်​မှူး ကြီး​တို့​အား​မှာ​ကြား​သည်​ကို​တပ်​သား အ​ပေါင်း​တို့​ကြား​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​ဒါ​ဝိဒ်​သည်​အ​ဘိ​ရှဲ​နှင့်​မှူး​မတ် အ​ပေါင်း​တို့​အား``ငါ​၏​သား​ရင်း​က​ပင်​လျှင် ငါ့​ကို​သေ​ကြောင်း​ကြံ​လျက်​နေ​သည်​ဖြစ်​ရာ ဤ​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​ပြု​သည့်​အ​မှု​မှာ အံ့​သြ​လောက်​ပါ​သ​လော။ သူ​ပြု​လို​ရာ ပြု​ပါ​စေ။ ကျိန်​ဆဲ​ပါ​လေ​စေ။ ထာ​ဝ​ရ ဘု​ရား​စေ​ခိုင်း​တော်​မူ​သ​ဖြင့်​သူ​သည် ဤ​သို့​ပြု​လုပ်​ရ​ခြင်း​ဖြစ်​၏။-

အ​ဗ​ရှ​လုံ​နှင့်​ဣသ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​က``ဟု​ရှဲ​၏​အ​ကြံ​သည်​အ​ဟိ သော​ဖေ​လ​၏​အ​ကြံ​ထက်​ကောင်း​၏'' ဟု ဆို​ကြ​၏။ အ​ဗ​ရှ​လုံ​၌​ဘေး​ရောက်​စေ​ခြင်း ငှာ ထာ​ဝ​ရ​ဘု​ရား​သည်​အ​ဟိ​သော​ဖေ​လ ပေး​သော​အ​ကြံ​ကောင်း​ကို​ပျက်​စေ​ရန် စီ​ရင်​တော်​မူ​သ​တည်း။

သို့​ရာ​တွင် ထို​သူ​က``အ​ကယ်​၍​အ​ရှင်​သည် အ​ကျွန်ုပ်​အား​ငွေ​ဒင်္ဂါး​တစ်​ရာ​ပင်​ပေး​သော် လည်း အ​ကျွန်ုပ်​သည်​ဘု​ရင့်​သား​တော်​ကို လက်​ဖျား​နှင့်​မျှ​တို့​မည်​မ​ဟုတ်​ပါ။ မင်း ကြီး​က​အ​ရှင့်​အား​လည်း​ကောင်း၊ အ​ဘိ​ရှဲ နှင့်​အိတ္တဲ​အား​လည်း​ကောင်း`ငါ့​မျက်​နှာ​ကို ထောက်​၍​လူ​ငယ်​အ​ဗ​ရှ​လုံ​ကို​ဘေး အန္တ​ရာယ်​မ​ပြု​ပါ​နှင့်'' ဟု​မှာ​ကြား​တော် မူ​သည်​ကို​အ​ကျွန်ုပ်​တို့​အား​လုံး​ကြား ကြ​ပါ​၏။-

ဒါ​ဝိဒ်​မင်း​သည်​အ​ဗ​ရှ​လုံ​အ​တွက်​ငို​ကြွေး မြည်​တမ်း​လျက်​နေ​ကြောင်း ယွာ​ဘ​ထံ​သို့ သ​တင်း​ရောက်​ရှိ​လာ​၏။-

ဖ​ခင်​သည်​သား​သ​မီး​တို့​အား​သ​နား ကြင်​နာ​သ​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​အား​ကြောက်​ရွံ့​ရို​သေ သူ​တို့​အား​သ​နား​ကြင်​နာ​တော်​မူ​၏။

သ​ခင်​ယေ​ရှု​က ``အို အ​ဖ၊ ထို​သူ​တို့​၏​အ​ပြစ် ကို​ဖြေ​လွှတ်​တော်​မူ​ပါ။ သူ​တို့​သည်​မိ​မိ​တို့​ပြု နေ​သည့်​အ​မှု​ကို​မ​သိ​ကြ​ပါ'' ဟု​မြွက်​ဆို တော်​မူ​၏။ သူ​တို့​သည်​ကိုယ်​တော်​၏​အ​ဝတ်​တော်​များ​ကို မဲ​ချ​၍​ဝေ​ယူ​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ