Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ 18:33

Common Language Bible

မင်း​ကြီး​သည်​လွန်​စွာ​ဝမ်း​နည်း​ကြေ​ကွဲ​လျက် မြို့​တံ​ခါး​အ​မိုး​ထက်​၌​ရှိ​သော​အ​ခန်း​သို့ တက်​သွား​၍​ငို​ကြွေး​တော်​မူ​၏။ ယင်း​သို့ တက်​သွား​စဉ်``အို ငါ့​သား၊ ငါ့​သား​အ​ဗ​ရှ​လုံ၊ အ​ဗ​ရှ​လုံ​ငါ့​သား၊ သင့်​ကိုယ်​စား​ငါ​သေ ချင်​ပါ​ဘိ။ ငါ့​သား​အ​ဗ​ရှ​လုံ၊ ငါ့​သား'' ဟု ငို​ကြွေး​မြည်​တမ်း​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ဣ​ရှ​မေ​လ​သည်​မိ​မိ​၏​သား​ဖြစ်​သော​ကြောင့် အာ​ဗြ​ဟံ​သည်​ထို​စ​ကား​ကို​ကြား​ရ​လျှင် စိတ်​မ​ချမ်း​မ​သာ​ဖြစ်​လေ​၏။-

ဇေ​ရု​ယာ​၏​သား​ယွာ​ဘ​သည် အ​ဗ​ရှ​လုံ​ကို ဒါ​ဝိဒ်​မင်း​လွန်​စွာ​လွမ်း​ဆွတ်​တ​သ​လျက်​နေ ကြောင်း​သိ​၏။-

ဒါ​ဝိဒ်​မင်း​သည်​အ​ဗ​ရှ​လုံ​အ​တွက်​ငို​ကြွေး မြည်​တမ်း​လျက်​နေ​ကြောင်း ယွာ​ဘ​ထံ​သို့ သ​တင်း​ရောက်​ရှိ​လာ​၏။-

မင်း​ကြီး​သည်​မျက်​နှာ​ကို​အုပ်​၍``အို ငါ့​သား၊ ငါ့​သား​အ​ဗ​ရှ​လုံ၊ အ​ဗ​ရှ​လုံ​ငါ့​သား'' ဟု​ကျယ်​လောင်​စွာ​ငို​ကြွေး​တော်​မူ​၏။

ဖ​ခင်​သည်​သား​သ​မီး​တို့​အား​သ​နား ကြင်​နာ​သ​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​အား​ကြောက်​ရွံ့​ရို​သေ သူ​တို့​အား​သ​နား​ကြင်​နာ​တော်​မူ​၏။

သူ​တို့​၏​အ​ပြစ်​ကို​လွှတ်​တော်​မူ​ပါ။ သူ​တို့​၏ အ​ပြစ်​ကို​လွှတ်​တော်​မ​မူ​လျှင်၊ ကိုယ်​တော်​၏​လူ မျိုး​တော်​နာ​မည်​စာ​ရင်း​မှ​အ​ကျွန်ုပ်​၏​နာ​မည် ကို​ပယ်​ဖျက်​တော်​မူ​ပါ'' ဟု​တောင်း​ပန်​လျှောက် ထား​လေ​၏။

ရှောလမုန်မင်း၏ သုတ္တံစကားဟူမူကား၊ ပညာ ရှိသောသားသည် အဘဝမ်းမြောက်ခြင်းအကြောင်း၊ မိုက် သောသားမူကား၊ အမိဝမ်းနည်းခြင်းအကြောင်းကို ဖြစ်စေတတ်၏။

မိုက်သော သူသည် အဘဝမ်းနည်းစရာ အကြောင်း၊ မွေးသော အမိစိတ်ညစ်စရာအကြောင်း ဖြစ်၏။

ဧ​လိ​ယ​သည်​ငါ​တို့​နည်း​တူ​သာ​မန်​လူ​သား ဖြစ်​ပေ​သည်။ သူ​သည်​မိုး​မ​ရွာ​စေ​ရန်​စိတ်​အား ထက်​သန်​စွာ​ဆု​တောင်း​သော​အ​ခါ ကမ္ဘာ​မြေ ပေါ်​သို့​သုံး​နှစ်​နှင့်​ခြောက်​လ​တိုင်​တိုင်​မိုး​မ​ရွာ ဘဲ​နေ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ