Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ 18:21

Common Language Bible

ထို​နောက်​ယွာ​ဘ​သည်​မိ​မိ​၏​ကျွန်​ကု​ရှိ အ​မျိုး​သား​အား``သင်​တွေ့​မြင်​ရ​သည့်​အ​မှု ကို​မင်း​ကြီး​ထံ​သွား​၍​သံ​တော်​ဦး​တင် လော့'' ဟု​ဆို​သ​ဖြင့်​သူ​သည်​ယွာ​ဘ​အား ဦး​ညွှတ်​ပြီး​လျှင်​ပြေး​၍​သွား​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

4 ပူးပေါင်းရင်းမြစ်များ  

ယွာ​ဘ​က``ယ​နေ့​သင်​သည်​အ​ဘယ်​သ​တင်း ကောင်း​ကို​မျှ​ယူ​ဆောင်​၍​မ​သွား​ရ။ အ​ခြား တစ်​နေ့​နေ့​၌​သွား​ခွင့်​ပြု​မည်။ ဘု​ရင်​၏​သား တော်​သေ​ဆုံး​ပြီ​ဖြစ်​၍​ယ​နေ့​သင်​သွား​၍ မ​ဖြစ်'' ဟု​ဆို​၏။-

အ​ဟိ​မတ်​က``အ​ကျွန်ုပ်​အား​လည်း​ထို​သတင်း ကို​ယူ​ဆောင်​သွား​ခွင့်​ပြု​ပါ။ ဘေး​တွေ့​မည် ဖြစ်​သော်​လည်း​အ​ကျွန်ုပ်​အ​မှု​မ​ထား​ပါ'' ဟု​ထပ်​မံ​၍​တောင်း​ပန်​၏။ ယွာ​ဘ​က``ငါ့​သား၊ သင်​သည်​အ​ဘယ်​ကြောင့် ဤ​အ​မှု​ကို​ပြု​လို​ပါ​သ​နည်း။ ယင်း​သို့​ပြု သည့်​အ​တွက်​ဆု​လာဘ်​ရ​ရှိ​လိမ့်​မည်​မ​ဟုတ်'' ဟု​ဆို​၏။

အ​ဟိ​မတ်​က​လည်း``ဘေး​တွေ့​မည်​ဖြစ်​သော် လည်း​အ​ကျွန်ုပ်​သွား​လို​ပါ​သည်'' ဟု​တစ်​ဖန် တောင်း​ပန်​၏။ ယွာ​ဘ​က``ဤ​သို့​ဖြစ်​ပါ​မူ​သင်​သွား​လော့'' ဟု​ဆို​သ​ဖြင့်​အ​ဟိ​မတ်​သည်​ယော်​ဒန်​မြစ် ချိုင့်​ဝှမ်း​လမ်း​ဖြင့်​ပြေး​သွား​ရာ ကု​ရှိ​အ​မျိုး သား​ကို​ကျော်​လွန်​၍​သွား​လေ​၏။

ထို​နောက်​ကု​ရှိ​အ​မျိုး​သား​ရောက်​ရှိ​လာ​၍ မင်းကြီး​အား``အ​ကျွန်ုပ်​သည်​အ​ရှင်​မင်း​ကြီး အ​တွက်​သ​တင်း​ကောင်း​ကို​ယူ​ဆောင်​လာ​ပါ သည်။ ယ​နေ့​အ​ရှင်​အား​ထာ​ဝ​ရ​ဘု​ရား သည်​ပုန်​ကန်​သူ​အ​ပေါင်း​တို့​အ​ပေါ်​တွင် အောင်​ပွဲ​ခံ​စေ​တော်​မူ​ပါ​ပြီ'' ဟု​လျှောက်​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ