၂ ရာ 18:17Common Language Bibleသူတို့သည်အဗရှလုံ၏အလောင်းကို ယူ၍ တောထဲတွင်တွင်းနက်တစ်ခုထဲသို့ ပစ်ချကာ ကျောက်ခဲပုံကြီးဖြင့်ဖုံးအုပ် ထားကြ၏။ ဣသရေလအမျိုးသားအပေါင်း တို့သည်လည်း မိမိတို့နေရပ်အသီးသီး သို့ထွက်ပြေးကြကုန်၏။ အခန်းကိုကြည့်ပါ။ |
မြို့သူမြို့သားများထံသွား၍အကြံပေး၏။ သူတို့သည်ရှေဘ၏ဦးခေါင်းကိုဖြတ်ပြီး လျှင် တံတိုင်းကိုကျော်၍ယွာဘထံသို့ပစ် ပေးကြ၏။ ယွာဘသည်တံပိုးခရာမှုတ် လိုက်သောအခါသူ၏လူအပေါင်းတို့သည် ထိုမြို့မှထွက်ခွာကာမိမိတို့နေရပ်သို့ ပြန်ကြကုန်၏။ ယွာဘသည်လည်းယေရု ရှလင်မြို့ဘုရင့်ထံတော်သို့ပြန်လေ၏။
သို့ဖြစ်၍ယဟောရံသည်မိမိ၏စစ်ရထား အလုံးအရင်းနှင့် ဇာဣရမြို့သို့ချီတက်တော် မူရာထိုအရပ်တွင် ဧဒုံတပ်မတော်၏ဝိုင်းရံ ခြင်းကိုခံရလေသည်။ မင်းကြီးနှင့်စစ်ရထား မှူးတို့သည် ယင်းသို့ဝိုင်းရံမှုကိုချိုးဖောက်လွတ် မြောက်သွားကြ၏။ သူ၏စစ်သည်တော်တို့သည် မိမိတို့နေရပ်သို့ကစဥ့်ကရဲထွက်ပြေး ကြကုန်၏။-
အာဣမင်းကိုလည်းသစ်ပင်တွင်လည်ဆွဲချ၍ သတ်ပြီးလျှင် နေဝင်ချိန်တိုင်အောင်အလောင်း ကိုဆွဲထားလေ၏။ နေဝင်ချိန်၌အလောင်းကို ဖြုတ်ချ၍မြို့တံခါးဝတွင်ပစ်ထားရန် ယောရှုအမိန့်ပေး၏။ ထိုနောက်သူတို့သည် အလောင်းပေါ်တွင်ကျောက်တုံးများကိုပုံ ထားကြသဖြင့် ယနေ့တိုင်ထိုကျောက်ပုံ ကြီးကိုတွေ့မြင်နိုင်လေသည်။