၂ ရာ 18:11Common Language Bibleယွာဘက``သင်မြင်ခဲ့သည်မှန်က အဘယ် ကြောင့်ထိုနေရာ၌ပင်မထိုးသတ်ခဲ့ပါ သနည်း။ အကယ်၍သာသတ်ခဲ့လျှင်သင့် အားငွေဒင်္ဂါးတစ်ဆယ်နှင့်ခါးစည်းကို ငါဆုပေးလေပြီ'' ဟုဆို၏။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင် ထိုသူက``အကယ်၍အရှင်သည် အကျွန်ုပ်အားငွေဒင်္ဂါးတစ်ရာပင်ပေးသော် လည်း အကျွန်ုပ်သည်ဘုရင့်သားတော်ကို လက်ဖျားနှင့်မျှတို့မည်မဟုတ်ပါ။ မင်း ကြီးကအရှင့်အားလည်းကောင်း၊ အဘိရှဲ နှင့်အိတ္တဲအားလည်းကောင်း`ငါ့မျက်နှာကို ထောက်၍လူငယ်အဗရှလုံကိုဘေး အန္တရာယ်မပြုပါနှင့်'' ဟုမှာကြားတော် မူသည်ကိုအကျွန်ုပ်တို့အားလုံးကြား ကြပါ၏။-