၂ ရာ 17:8Common Language Bibleအရှင်၏ခမည်းတော်ဒါဝိဒ်နှင့်သူ၏လူတို့ သည်စစ်ရည်ဝသူများဖြစ်သည်ကိုလည်း ကောင်း၊ သူတို့သည်သားငယ်ပျောက်သည့်ဝက် ဝံမကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည်ကို လည်းကောင်းအရှင်သိတော်မူပါ၏။ အရှင့် ခမည်းတော်သည်အတွေ့အကြုံများသည့် စစ်သည်တော်တစ်ဦးဖြစ်သဖြင့် ညဥ့်အခါ မိမိ၏လူတို့နှင့်အတူအိပ်စက်တော်မမူ တတ်ပါ။- အခန်းကိုကြည့်ပါ။ |
ယခုပင်လျှင်သူသည်ဂူတစ်ခုခု၌ဖြစ် စေ၊ အခြားတစ်နေရာရာ၌ဖြစ်စေပုန်း အောင်းလျက်နေပါလိမ့်မည်။ ဒါဝိဒ်က စတင်တိုက်ခိုက်သည်နှင့်တစ်ပြိုင်နက် အရှင်၏လူအချို့တို့ကျဆုံးကြပါ လိမ့်မည်။ ထိုသတင်းကိုကြားသောသူ တို့က အရှင်၏လူတို့အရေးရှုံးနိမ့်ကြ ပြီဟုပြောဆိုကြပါလိမ့်မည်။-
သူပုန်းအောင်းနေသည့်အရပ်များကိုတိကျ သေချာစွာမှတ်သားပြီးမှ ငါ့ထံသို့ချက် ချင်းသတင်းပေးပို့လော့။ ထိုအခါသင်တို့ နှင့်အတူငါလိုက်၍ရှာဖွေမည်။ ဒါဝိဒ်သည် ယုဒပြည်တွင်ရှိနေသေးလျှင် ငါသည်ယုဒ ပြည်တစ်လျှောက်လုံးကိုပင်လိုက်လံရှာဖွေ ရစေကာမူသူ့ကိုမိအောင်ဖမ်းမည်'' ဟု မိန့်တော်မူ၏။