၂ ရာ 17:25Common Language Bible(အဗရှလုံသည်အာမသအားယွာဘ၏ နေရာတွင်တပ်မတော်ဗိုလ်ချုပ်အဖြစ်ခန့် ထား၏။ အာမသကားဣရှမေလအမျိုး သားယေသာ၏သားဖြစ်၏။ သူ၏မိခင်မှာ နာဟတ်၏သမီး၊ ယွာဘ၏မိခင်ဇေရုယာ ၏ညီမအဘိဂဲလဖြစ်သတည်း။-) အခန်းကိုကြည့်ပါ။ |
ငါ၏ခမည်းတော်မသိဘဲကူးလွန်ခဲ့သည့် လူသတ်မှုများအတွက် ထာဝရဘုရားသည် ယွာဘအားအပြစ်ဒဏ်စီရင်တော်မူလိမ့်မည်။ ယွာဘသည်မိမိထက်သာလွန်ကောင်းမြတ် သည့်ဣသရေလတပ်မတော်ဗိုလ်ချုပ်အာဗနာ နှင့်ယုဒတပ်မတော်ဗိုလ်ချုပ်အာမသတည်း ဟူသောအပြစ်မဲ့သူနှစ်ဦးအားသတ်ဖြတ် ခဲ့ပေသည်။-
``ထို့ပြင်သင့်အားမှာကြားရန်ကိစ္စတစ်ခု ရှိသေး၏။ ယွာဘသည်ဣသရေလတပ်မ တော်ဗိုလ်ချုပ်နှစ်ဦးဖြစ်သောနေရ၏သား အာဗနာနှင့်ယေသာ၏သားအာမသတို့ ကိုသတ်ခြင်းအားဖြင့် ငါ့အားအဘယ်သို့ ပြုခဲ့ကြောင်းသင်မှတ်မိပါလိမ့်မည်။ စစ် ဖြစ်ချိန်ကသတ်ဖြတ်မှုများအတွက် လက်စားချေသည့်အနေဖြင့် သူသည်ထို သူတို့အားငြိမ်းချမ်းနေချိန်၌အဘယ် သို့သတ်ဖြတ်ခဲ့သည်ကိုလည်းသင်မှတ်မိ ပါလိမ့်မည်။ သူသည်အပြစ်မဲ့သူများ အားသတ်ခဲ့သည်။ သူပြုခဲ့သည့်အမှု အတွက်ယခုငါ့မှာတာဝန်ရှိသဖြင့် သူ၏ဆိုးမွေကိုငါခံရ၏။-
ဒါဝိဒ်သည်ဖိလိတ္တိအမျိုးသားများနှင့် အတူ ရှောလုမင်းကိုတိုက်ရန်စစ်ချီသွား သောအခါ မနာရှေအနွယ်ဝင်စစ်သူရဲ အချို့တို့သည် ဒါဝိဒ်ဘက်သို့ဝင်ရောက်လာ ကြ၏။ ဖိလိတ္တိအမျိုးသားခေါင်းဆောင်တို့ ကဒါဝိဒ်သည် မိမိ၏အရှင်ဟောင်းရှောလု ဘက်သို့ပါ၍သူတို့ကိုသစ္စာဖောက်လိမ့်မည် ဟုစိုးရိမ်သဖြင့် သူ့အားဇိကလတ်မြို့သို့ ပြန်လွှတ်လိုက်ကြ၏။ ထို့ကြောင့်ဒါဝိဒ်သည် စင်စစ်အားဖြင့် ဖိလိတ္တိအမျိုးသားတို့ ဘက်မှကူ၍စစ်မတိုက်ခဲ့ရပေ။-