၂ ရာ 17:14Common Language Bibleအဗရှလုံနှင့်ဣသရေလအမျိုးသား အပေါင်းတို့က``ဟုရှဲ၏အကြံသည်အဟိ သောဖေလ၏အကြံထက်ကောင်း၏'' ဟု ဆိုကြ၏။ အဗရှလုံ၌ဘေးရောက်စေခြင်း ငှာ ထာဝရဘုရားသည်အဟိသောဖေလ ပေးသောအကြံကောင်းကိုပျက်စေရန် စီရင်တော်မူသတည်း။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်သင်သည်မြို့သို့ပြန်၍အဗရှလုံ အား``အရှင်မင်းကြီး၊ အကျွန်ုပ်သည်အရှင့် ခမည်းတော်၏အမှုတော်ကိုထမ်းဆောင် ခဲ့သည့်နည်းတူ ယခုအရှင်၏အမှုတော် ကိုထမ်းဆောင်ပါမည်' ဟုလျှောက်ထားပြီး နောက်အဟိသောဖေလပေးသည့်အကြံ ကိုဆန့်ကျင်ဘက်ပြုခြင်းအားဖြင့်ငါ့ အားအကူအညီပေးနိုင်၏။-
ထိုအခါအာမဇိက``ဘယ်အခါကသင့်အား ဘုရင့်အတိုင်ပင်ခံအမတ်အဖြစ်ခန့်ထားခဲ့ ပါသနည်း။ သင်သည်ဆိတ်ဆိတ်မနေပါမူ အသတ်ခံရလိမ့်မည်'' ဟုမိန့်တော်မူ၏။ ပရောဖက်ကလည်း``မင်းကြီးသည်ဤအမှု တို့ကိုပြု၍ငါပေးသည့်အကြံကိုလျစ်လူ ရှုသဖြင့် ဘုရားသခင်သည်မင်းကြီးကို သုတ်သင်ဖျက်ဆီးရန်ကြံရွယ်တော်မူ ကြောင်းယခုငါသိရပြီ'' ဟုဆိုပြီးလျှင် ဆိတ်ဆိတ်နေလေ၏။
သင်တို့၏စီမံကိန်းများကိုရေးဆွဲကြလော့။ သို့ရာတွင်ထိုစီမံကိန်းတို့သည်အဘယ်အခါ ၌မျှအောင်မြင်လိမ့်မည်မဟုတ်။ သင်တို့ပြော လိုသမျှသောစကားများကိုပြောဆိုကြလော့။ သို့ရာတွင်ယင်းတို့သည်အချည်းနှီးသာလျှင် ဖြစ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ဘုရားသခင်သည်ငါတို့နှင့်အတူရှိတော်မူသော ကြောင့်ဖြစ်၏။
ဉာဏ်ပညာဟူ၍ဤလောကသားတို့ထင်မှတ် ကြသည့်အရာသည်ဘုရားသခင်၏ရှေ့တော် ၌မိုက်မဲမှုသာလျှင်ဖြစ်၏။ ကျမ်းစာတော်တွင် ``ဘုရားသခင်သည်ပညာရှိများအားမိမိ တို့ကိုယ်တိုင်အသုံးပြုသည့်ပရိယာယ်အား ဖြင့်ပင်လျှင်ထောင်ချောက်တွင်မိစေတော်မူ၏'' ဟုဖော်ပြသည့်အတိုင်းပင်။-
ထိုသူအပေါင်းတို့ကိုမသနားမညှာတာ ဘဲအကုန်အစင်သုတ်သင်သတ်ဖြတ်ပစ်စေ ရန် ထာဝရဘုရားသည်ထိုသူအပေါင်းတို့ အားဇွဲသန်သန်ဖြင့် ဣသရေလအမျိုးသား တို့ကိုခုခံတိုက်ခိုက်စေတော်မူ၏။ ထိုသူတို့ ကိုအကုန်အစင်သုတ်သင်ရခြင်းမှာမောရှေ အားဖြင့် ထာဝရဘုရားမိန့်မှာတော်မူသည့် အတိုင်းဖြစ်သတည်း။