၂ ရာ 17:11Common Language Bibleအရှင့်အားအကျွန်ုပ်အကြံပေးလိုသည်မှာ သမုဒ္ဒရာသဲလုံးနှင့်အမျှများပြားသော ဣသရေလအမျိုးသားအပေါင်းကိုနိုင်ငံ တစ်စွန်းမှတစ်စွန်းတိုင်ခေါ်ယူစေရန်ဖြစ် ပါ၏။ ထိုနောက်သူတို့အားအရှင်ကိုယ်တိုင် ခေါင်းဆောင်၍စစ်ပွဲသို့ဝင်တော်မူပါ။- အခန်းကိုကြည့်ပါ။ |
မြောက်ဘက်ရှိဒန်မြို့မှတောင်ဘက်ရှိဗေရ ရှေဗမြို့တိုင်အောင် အရပ်ရပ်မှလည်းကောင်း၊ အရှေ့ဘက်ရှိဂိလဒ်ပြည်မှလည်းကောင်း ဣသရေလအမျိုးသားအပေါင်းတို့သည် စစ်တိုက်ရန်ဖိတ်ခေါ်ချက်အရ တစ်စုတစ်ရုံး တည်းမိဇပါမြို့တွင်ထာဝရဘုရား၏ ရှေ့တော်၌လာရောက်စုဝေးကြလေသည်။-
ဖိလိတ္တိအမျိုးသားတို့သည်ဣသရေလ အမျိုးသားတို့အားတိုက်ခိုက်ရန်စုဝေး ကြ၏။ သူတို့မှာစစ်ရထားသုံးသောင်း၊ မြင်း စီးသူရဲခြောက်ထောင်နှင့်သမုဒ္ဒရာသဲလုံး ကဲ့သို့မရေမတွက်နိုင်အောင် များပြားသော စစ်သည်တပ်သားများရှိသတည်း။ သူတို့ သည်ချီတက်၍ဗေသဝင်မြို့အရှေ့ဘက် ရှိမိတ်မတ်မြို့တွင်စခန်းချကြ၏။-