Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ 16:2

Common Language Bible

ဒါ​ဝိဒ်​မင်း​က``သင်​သည်​ဤ​ပစ္စည်း​များ​ကို အ​ဘယ်​ကြောင့် ယူ​ဆောင်​လာ​ပါ​သ​နည်း'' ဟု မေး​တော်​မူ​၏။ ဇိ​ဘ​က``မြည်း​များ​သည်​အ​ရှင်​မင်း​ကြီး​၏ မိ​သား​စု​စီး​ရန်​ဖြစ်​ပါ​သည်။ မုန့်​နှင့်​သစ်​သီး များ​မှာ​ငယ်​သား​တို့​စား​ရန်​ဖြစ်​၍​စ​ပျစ် ရည်​မှာ​တော​ကန္တာရ​တွင်​သူ​တို့​မော​ပန်း​ကြ သော​အ​ခါ​သောက်​ရန်​ဖြစ်​ပါ​သည်'' ဟု လျှောက်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

အ​ဘိ​မ​လက်​က``သင်​အ​ဘယ်​ကြောင့်​ထို​သို့ ပြု​လုပ်​သ​နည်း'' ဟု​မေး​၏။

ဧ​သော​က``လမ်း​တွင်​ငါ​တွေ့​ခဲ့​သော​တိ​ရစ္ဆာန် အုပ်​များ​ကို​မည်​သည့်​အ​တွက်​ကြောင့်​ရှေ့​က သွား​စေ​သ​နည်း'' ဟု​မေးလျှင်၊ ယာ​ကုပ်​က``ကိုယ်​တော်​ထံ​မှ​မျက်​နှာ​သာ​ရ စေ​ရန်​ဖြစ်​ပါ​သည်'' ဟု​ပြန်​ဖြေ​လေ​၏။

ထို​နောက်​အ​ဗ​ရှ​လုံ​သည်​မြင်း​ရ​ထား​တစ်​စီး၊ မြင်း​များ​နှင့်​ရှေ့​တော်​ပြေး​စစ်​သည်​ငါး​ဆယ် ကို​မိ​မိ​အ​တွက်​ထား​ရှိ​လေ​သည်။-

ဒါ​ဝိဒ်​၏​နောက်​သို့​လိုက်​သူ​များ​ထွက်​ခွာ​သွား ကြ​သော​အ​ခါ ပြည်​သူ​ပြည်​သား​တို့​သည်​အော် ဟစ်​ငို​ကြွေး​ကြ​ကုန်​၏။ မင်း​ကြီး​နှင့်​နောက်​လိုက် အ​ပေါင်း​တို့​သည်​ကေ​ဒြုန်​ချောင်း​ကို​ကူး​၍ တော​ကန္တာ​ရ​သို့​ရှေ့​ရှု​သွား​ကြ​လေ​သည်။

မေ​ဖိ​ဗော​ရှက်​က``အ​ရှင်​မင်း​ကြီး၊ အ​ရှင်​သိ တော်​မူ​သည့်​အ​တိုင်း​အ​ကျွန်ုပ်​သည်​ခြေ​ဆွံ့ သူ​ဖြစ်​ပါ​၏။ အ​ကျွန်ုပ်​သည်​အ​ရှင်​နှင့်​အ​တူ မြည်း​စီး​၍​လိုက်​နိုင်​ရန်​မြည်း​ကို​ကုန်း​နှီး အ​တင်​ခိုင်း​သော်​လည်း​အ​ကျွန်ုပ်​၏​အ​စေ​ခံ သည်​အ​ကျွန်ုပ်​အား​လှည့်​စား​ပါ​၏။-

ယင်း​သို့​ပြု​သည်​မှာ​အ​ဘယ်​သို့​အ​ဋ္ဌိပ္ပါယ် ရှိ​ပါ​သ​နည်း​ဟု သင်​၏​အ​မျိုး​သား​တို့ က​မေး​မြန်း​ကြ​လိမ့်​မည်။-

သူ​၌​မြည်း​တစ်​ကောင်​စီ​စီး​သော​သား​သုံး​ကျိပ် ရှိ​၏။ သူ​တို့​သည်​ဂိ​လဒ်​ပြည်​တွင်​မြို့​ပေါင်း​သုံး ဆယ်​ကို​အ​ပိုင်​စား​ရ​ရှိ​ကြ​လေ​သည်။ ထို​မြို့ တို့​သည်`ယာ​ဣ​ရ​ရွာ​များ' ဟူ​၍​ယ​နေ့​တိုင် အောင်​နာ​မည်​တွင်​လျက်​ရှိ​နေ​သေး​သ​တည်း။-

ကုန်း​နှီး​ပေါ်​တွင်​ထိုင်​၍​မြည်း​ဖြူ​ကို​စီး​ကြ သူ​တို့​နှင့် သွား​လာ​လေ​ရာ​တွင် ခြေ​လျင်​လျှောက်​ရ​သူ​တို့​ဤ​အ​ကြောင်း အ​ရာ​ကို စဉ်း​စား​ဆင်​ခြင်​ကြ​လော့။

ထို့​ကြောင့်​တပ်​သား​တစ်​ယောက်​က``အ​ကျွန်ုပ် တို့​အား​လုံး​ပင်​နွမ်း​နယ်​လျက်​နေ​ကြ​ပါ​၏။ သို့​သော်​အ​ရှင့်​ခမည်း​တော်​က`ယ​နေ့​အ​စား အ​စာ​စား​သူ​သည်​ကျိန်​စာ​သင့်​ပါ​စေ' ဟု ကျိန်​ဆို​ထား​ပါ​၏'' ဟု​ဆို​၏။

အ​ရှင်၊ အ​ရှင်​၏​ထံ​သို့​ကျွန်​မ​ယူ​ဆောင်​လာ သော​လက်​ဆောင်​များ​ကို​ကျေး​ဇူး​ပြု​၍ လက်​ခံ​ပြီး​လျှင် အ​ရှင်​၏​လူ​တို့​အား​ပေး တော်​မူ​ပါ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ