၂ ရာ 16:11Common Language Bibleထိုနောက်ဒါဝိဒ်သည်အဘိရှဲနှင့်မှူးမတ် အပေါင်းတို့အား``ငါ၏သားရင်းကပင်လျှင် ငါ့ကိုသေကြောင်းကြံလျက်နေသည်ဖြစ်ရာ ဤဗင်္ယာမိန်အနွယ်ဝင်ပြုသည့်အမှုမှာ အံ့သြလောက်ပါသလော။ သူပြုလိုရာ ပြုပါစေ။ ကျိန်ဆဲပါလေစေ။ ထာဝရ ဘုရားစေခိုင်းတော်မူသဖြင့်သူသည် ဤသို့ပြုလုပ်ရခြင်းဖြစ်၏။- အခန်းကိုကြည့်ပါ။ |
တစ်နေ့သ၌သူသည်မိမိဘုရားနိသရုတ် ၏ဗိမာန်တော်တွင် ဝတ်ပြုနေစဉ်သားတော်များ ဖြစ်သောအာဒြမ္မေလက်နှင့်ရှရေဇာတို့သည် မင်း ကြီးအားဋ္ဌားဖြင့်လုပ်ကြံပြီးလျှင်အာရရတ် ပြည်သို့ထွက်ပြေးကြ၏။ အခြားသားတော် တစ်ပါးဖြစ်သူဧသရဟဒ္ဒုန်သည် ခမည်း တော်၏အရိုက်အရာကိုဆက်ခံ၍နန်းတက် လေသည်။
ထာဝရဘုရားသည်ကောင်းကင်တမန်ကို စေလွှတ်၍ အာရှုရိတပ်သားများနှင့်တပ်မ တော်အရာရှိများအားသုတ်သင်ပယ်ရှင်း စေတော်မူ၏။ ဧကရာဇ်မင်းသည်အရှက်ကွဲ လျက်အာရှုရိပြည်သို့ပြန်တော်မူ၏။ တစ် နေ့သ၌သူသည်မိမိဘုရား၏ဗိမာန် တော်၌ရှိနေစဉ် သားတော်အချို့တို့သည် သူ့အားဋ္ဌားဖြင့်လုပ်ကြံကြလေသည်။
အရှင်မင်းကြီး၊ အကျွန်ုပ်လျှောက်ထားသည်ကို နားညောင်းတော်မူပါ။ အရှင့်အားအကျွန်ုပ်နှင့် ရန်သူဖြစ်အောင်ပြုသူသည် ထာဝရဘုရား ဖြစ်ခဲ့သော်အမျက်တော်ပြေစေရန်ပူဇော် သကာကိုဆက်သနိုင်ပါသည်။ အကယ်၍ ယင်းသို့ရန်သူဖြစ်အောင်ပြုသောသူတို့မှာ လူသားများဖြစ်ပါမူ သူတို့သည်ထာဝရ ဘုရား၏ကျိန်စာသင့်ကြပါစေသတည်း။ ဣသရေလအမျိုးသားတို့အားထာဝရ ဘုရားပေးတော်မူသောနယ်မြေမှ လူမျိုး ခြားတို့၏ဘုရားများကိုသာကိုးကွယ် နိုင်သောနယ်မြေသို့အကျွန်ုပ်အားသူတို့ နှင်ထုတ်ကြပါ၏။-